အခန်း (၁၂၀) ချူပ်တည်းထားတဲ့အမျိူးသား

6K 755 38
                                    

အခန်း (၁၂၀) ချူပ်တီးထားတဲ့အမျိူးသား

ချန်အန်းမျက်ခုံးစပ်ကို ဖိနှိပ်နေမိ၏။ ရေချိူးပြီးဝါရံတာမှာဆံပင်အစိုနဲ့နေမိလို့ပဲလား ။ တစ်နေ့ကုန်အတွေးလွန်နေလို့ပဲလား မသေချာ အခုချိန်မှာခေါင်းကိုက် ဝေဒနာကသူ့ကိုနှောက်ယှက်နေသည်။

ညနေစာစားတော့လည်း တစ်လုတ်နှစ်လုတ်မျှသာဝင်ပြီးအခန်းသို့ပြန်လာကာ စောင်ခြုံလျက် TV ဖွင့်သတင်းကြည့်ခဲ့သည်။ ဒါပေမယ့်လည်းဘယ်လိုမှအာရုံစိုက်မရ နောက်ဆုံးတော့ laptop ယူပြီး ကီးဘုတ်ပေါ်ကစာတွေကိုရိုက်လိုက်သည်။ ဆီးရီးယားစပိုင်ကိစ္စကိုသူဝင်ပါရတာက လုဖုန်းကိုအခက်အခဲကူရှင်းပေးရုံတင်မဟုတ်ပါ။ ညီနောင်များအဖွဲ့ကသူတည်ထောင်ခဲ့သည့်အဖွဲ့ဖြစ်သည်။ သူနဲ့ကျန်းလဲ့ဆယ်စုတစ်စုကြာသွေးချွေးရင်းခဲ့တဲ့ အဖွဲ့လေး တေလေဂျပိုးတစ်စုကြောင့်ပျက်စီးသွားမှာကိုသူဘယ်လိုမှာထိုင်ကြည့်မနေနိုင်သောကြောင့်ဖြစ်သည်။

ချန်အန်းမျက်မှန်ကိုနှာခေါင်းထိပ်နားသို့ဆွဲချလိုက်သည်။ သူ့မျက်လုံးများကကျိန်းစပ်နေပြီး ပင်ပန်းနေပြီ။ ထိုကြောင့် ခဏအနားယူရန်ယူရန်မျက်လုံးကိုမှိတ် လိုက်စဥ် လုဖုန်း၏အသံကိုကြားလိုက်ရသည်။

'' အိပ်ချင်ရင်အိပ်လိုက်ပါလား။ ''

ချန်အန်းမျက်လုံးဖွင့်ပြီး ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့တံခါးဝက လုဖုန်းကိုကြည့်လိုက်သည်။ သူကဝတ်စုံအနက်ကိုဝတ်ဆင်ထားဆဲပင်။ လုဖုန်း၏ ရှည်လျားဖြောင့်မတ်သည့်ခန္ဓာကိုယ်ကအနောက်တိုင်းဝတ်စုံများနှင့်အလွန်လိုက်ဖက်သည်။ Gym မှာ မကြာခဏအားကစားလုပ်တာကြောင့် ဝတ်စုံအပြင်ပိုင်းထိသူ့ရဲ့ကြွက်သားလှိုင်းတွေကိုမြင်နေရသည်။

ကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ဝတ်စုံကောင်းကပနံသင့်နေ၏။ လုဖုန်းက suitတွေနဲ့အမြဲလိုက်ဖက်ခဲ့တာပါပဲ။ သူ့မှာအနောက်တိုင်းဆန်တဲ့ ကောက်ကြောင်းတွေရှိသလို အရှေ့တိုင်းဆန်တဲ့ တည်ညိမ်အေးဆေးမှုလည်းရှိသည်။ သူ့ရဲ့ချောမောတဲ့ရုပ်ရည်နဲ့ ဆယ်စုနှစ်ကြာလေ့ကျင့်ခဲ့တဲ့ကိုယ်အမူအရာတွေက suit ရဲ့အကောင်းဆုံး Brand endorser အလားပင်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now