အခန်း (၆၉) လောင်းကစားသမား ၏ စကားစီးချင်း
ဒီလို ကာစီနိုကိုလာပြီး ကစားတဲ့သာမန်လူတွေကတော့ အိုင်ဗန်လိုသူကြွယ်ဆီကိုပြေးဝင်တိုက်ရဲမှာမဟုတ်ဘူး။ အဆင့်မြင့် VIP ခန်းမကြီးထဲမှာ လက်နက်ကိုင်အစောင့်တွေနဲ့ပြည့်နေသည်။ ပိုက်ဆံမရှိရင် ဒီလိုနေရာမျိုးဝင်ပြီး လုဖုန်းနဲ့အခြားသူတွေဘေး ထိုင်ကစားလို့ရမှာမဟုတ်ဘူး။
သူတို့လောင်းကစားလုပ်တယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် စီးချင်းထိုးသလိုပဲ။
အိုင်ဗန် ခေါ်လာတဲ့ ချန်အန်းကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အိုင်ဗန့်ဘေးကပ်ရပ်ထိုင်ရတာပေါ့။ သူစားပွဲပေါ်က ပစ္စည်းတွေကို ရှင်းလိုက်သည်။ လုဖုန်းက အိုင်ဗန်ဆန့်ကျင်ဖက်မှာ ထိုင်ပြီး နှစ်ဦးသားအကြည့်တွေက လုပ်ဖော်ကိုင်ဖက်ကနေ ရန်သူတွေလိုတင်းမာသည့်အခြေအနေရောက်နေကြောင်းသိသာသည်။ ရန်လိုမှုအငွေ့အသက်များက ယမ်းမှုန့်နံ့ ထက်ပင် ပြင်းလွန်းသေးသည်။ ကစားပွဲကမစရသေး ချန်အန်းကတော့ လူသတ်ငွေ့တွေ ရနှင့်နေပြီ။
အိုင်ဗန်နဲ့လုဖုန်းအပြင် စားပွဲဝိုင်းမှာ စင်ကာပူ၏ အခြားနံမည်ကြီးပုဂ္ဂိုလ်များလည်းရှိနေသည်။ သူတို့ချမ်းသာတယ်ဆိုပေမယ့်လည်း ဒီနေ့ကစားပွဲရဲ့ဇာတ်လိုက်ကတော့ အိုင်ဗန်နဲ့ချန်အန်းပဲ။
ချန်အန်း မမျှော်လင့်မိတာက လုဖုန်း ထိုင်ပြီးချက်ချင်းသူ့ကို စကားတစ်ခုပြောလိုက်တာပဲ။
"ကျူပ် ခင်များကိုမှတ်မိတယ်'' ချွန်ထက်ပြီး သိမ်းငှက်လိုမျက်ဝန်းတစ်စုံက ချန်အန်းဆီရောက်လာသည်။ လုဖုန်းအကြည့်စူးစူးများက ချန်အန်းကို ဖောက်မြင်နိုင်ပုံပေါ်သော်လည်း ထူထည်းလွန်းသည့်မြူခိုးများကြောင့် ရှင်းရှင်းလင်းလင်းတော့မမြင်ရပေ။
သူ ကာစီနိုထဲခြေချလိုက်ကတည်းက အိုင်ဗန့်ဘေးနားထိုင်နေသည့် ချန်အန်းကို လွန်ခဲ့သည့်ခြောက်လက အမူးလွန်ပြီး အိုင်ဗန်အတင်းအကြပ် နမ်းခဲ့သူမှန်း မှတ်မိသည်။
KAMU SEDANG MEMBACA
Rebirth of Chen An【Zaw + uni】
Romansaလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...