အခန်း ၁၅၃ - ရန်ဟောင်းရန်သစ်
ဆိုးရိုးစကားတွေအတိုင်း နှိုင်းယှဥ်မှုကအမြဲတမ်းမုန်းစရာကောင်းတယ်ဆိုတာပေါ့။
စာအုပ်ထဲပဲခေါင်းစိုက်ထားတဲ့သူတွေနဲ့ယှဥ်ရင် ချန်ယန်းကတော့ချန်အန်းနဲ့တွေ့ပြီးတဲ့နောက်မှာ နေရောင်မိုးစက်အောက်ကဖွံ့ထွားကြီးပြင်းလာတဲ့ပင်ပျိူပေါက်လေးတစ်ပင်ပဲလေ။
ကျောင်းစာမှာအပြစ်ပြောစရာမရှိတဲ့အပြင်ကိုယ်ခန္ဓာကလည်းအမြဲတမ်းကြံ့ခိုင်နေတယ်။ သူ့မှာအလုပ်စမလုပ်ခင်တည်းက လေ့ကျင့်ခန်းတဲ့အလေ့အထရှိပြီးသားပဲ။ ဒါကြောင့်အချိန်တစ်ခုကြာတဲ့အခါ ပင်ပျိူပေါက်လေးက အကိုင်းအခက်စွံ့စံွ့ငွားငွားနဲ့သူ့တစ်ပါးကိုအရိပ်ပေးနိုင်တဲ့သစ်ပင်ကြီးတစ်ပင်ဖြစ်နေပြီလေ။တစ်ခုရှိတာက သူကြီးပြင်းတာသိပ်မြန်လွန်းပြီးသိပ်သန်မာလွန်းတာကြောင့်ချန်အန်းနည်းနည်းစိတ်မချဖြစ်ရတာပဲ။
ဆရာချန်ဟာစိတ်သိပ်ကြည်မနေဘူး။ကျောင်းသားအယောက်သုံးဆယ်လုံးကတော့ သူ့စေသလိုညွှန်လို့ရပြီး သူခိုင်းသလိုလေ့ကျင့်ခန်းလုပ်နေကြရှာပါတယ်။ သူစိတ်မကြည်ရတာက ပြေးစက်ပေါ်မှာပြေးနေတဲ့ချန်ယန်းဟာအတန်းချိန်တစ်ချိန်လုံးပြေးပြီးတာတောင်ဘချွေးနည်းနည်းစိုတာကလွဲရင် မောဟိုက်ခြင်းမရှိအားအင်ပြည့်နေတာပါပဲ။
ဒါကိုကြည့်ပြီး စက်ဘီးနင်းစက်မှာနည်းနည်းလောက်နင်းပြီးမောနေတဲ့ချန်အန်းစိတ်တိုနေတယ်လေ။
အတန်းဆင်းခေါင်းလောင်းထိုးပေမဲ့သူ့ခွင့်ပြုချက်မရမချင်းဘယ်သူကမှအတန်းပြင်မထွက်ရဲကြပေ။ တိတ်တိတ်ကလေးရပ်ပြီး နတ်ဆိုးတို့ရဲ့အရှင်ဆရာကြီးချန်အန်းကိုသာစောင့်နေကြသည်။
ချန်အန်းကလက်ကိုဝေ့ရမ်းလိုက်ပြီး ''ေကာင်းပြီ ကောင်းပြီ မင်းတို့သွားကြတော့''
'' နှုတ်ဆက်ပါတယ်ဆရာ''
''အာလေလုယာ!"
'' ငါအသက်ရှင်လျက်ပြန်ထွက်လာနိုင်တာယုံတောင်မယုံဘူး ရေးးးး''
ဒါဘာပေါက်တတ်ကရတွေလဲ။ ချန်အန်းကြားသမျှအသံတွေကြောင့်ရယ်ချင်ချင်ဖြစ်သွားသည်။ ကျောင်းသူကျောင်းသားတွေဆိုတာ ဖြူစင်ပြီးကိုယ့်ကိုယ်ကိုအထင်ကြီးတတ်ကြတာအမှန်ပဲဆိုပေမယ့် ဒီကျောင်းရဲ့အပြင်မှာသူတွေ့ဖူးတဲ့လျှာနှစ်ခွလူတွေနဲ့ယှဥ်ရင် ကျောင်းသူကျောင်းသားတွေကိုသူပိုသဘောကျမိတာတော့ဝန်ခံရမယ်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...