အခန်း(၅၆) အတုအယောင်
သိပ်မဝေးသည့်နေရာမှ လူကို ကိတ်ယာရှာ ဖျတ်ခနဲလှည့်ကြည့်လိုက်တော့ ထိုလူကအမှန်တကယ်ပင် ချန်ကျန်းအန်း နှင့်တူသည်။ အရပ်အမောင်းနှင့် အဝတ်အစားဝတ်ပုံလည်း မြေခွေးအိုကြီး အတိုင်းပင်။
လောကမှာရုပ်တူတဲ့လူတွေမရှိနိုင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမြွှာတွေကတောင်ကွဲပြားတာတွေ ရှိနေနိုင်တယ်။ နောက်ပြီး မတူတဲ့ပတ်ဝန်းကျင်က ကြီးပြင်းလာတဲ့လူနှစ်ယောက်ဆိုရင်တော့ ပိုလို့တောင်မတူနိုင်ဘူး။
ပထမဦးဆုံးအကြိမ်ကြည့်တော့ အတုအယောင်က တကယ် မြေခွေးအိုနှင့်ရုပ်ဆင်သည်။ ဒါပေမယ့်အနည်းကပ်ကြည့်တော့ မတူတော့ပေ။ မိတ်ကပ်တွေကြောင့် ချန်ကျန်းအန်းနဲ့လုံးဝမတူနိုင်ပေ။ မိတ်ကပ်က ပီပြင်အောင်လုပ်လို့ရသေးသည် အရေးကြီးဆုံးပြသာနာက အမူအကျင့်များပင်။
မြေခွေးအိုကြီး၊ မြေခွေးအိုကြီးဖြစ်နေရတဲ့အကြောင်းအရင်းက ချန်ကျန်းအန်း မှာ သူမတူတဲ့ကိုယ်ပိုင်ဟန်ရှိနေလို့ပဲ၊ သူဟာပင်လယ်ပြင်ကြီးလိုပဲ နားလည်ဖို့ နက်နဲသလိုသလို ချန်ကျန်းအန် တွေးသမျှ လိုက်တွေးနိုင်ဖို့ကလည်းမဖြစ်နိုင်ဘူး။
ချန်ကျန်းအန်း မင်းရှေ့မှာ မတ်တပ်ရပ်နေရင် ကိုယ့်ကိုယ်ကိုသိမ်ငယ်မိတဲ့အတွေးတွေ မင်းခံစားရလိမ့်မယ်။ ပြီးတော့ ဒီအရှိန်အဟုန်တွေက မြေခွေးအိုကြီးနဲ့ ဆယ်စုနှစ်များစွာရှိနေခဲ့တာမို့ မင်းလိုက်တုဖို့ကခက်ခဲလိမ့်မယ်။
"ဒီလူနဲ့ လုဖုန်းကိုအရူးလုပ်လို့ရမယ်လို့ နင်ထင်နေတာလား'' ကိတ်ယာရှာ က သဘောမကျသလိုပြော၏။
အိုင်ဗန်က ပြုံးလျှက် အတုအယောင်ဆီကိုလျှောက်သွားပြီး ခါးကိုဆွဲဖက်လိုက်သည်။ အတုအယောင်၏ မေးကိုဆွဲကိုင်ပြီး မလိုလားသည့် ကိတ်ယာရှာကိုအော်ပြောလိုက်သည်
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...