အခန်း(၃၈) တတိယ​ခြေလှမ်း၊တတိယ​မြောက်​လူ

13.1K 1.6K 67
                                    

အခန်း(၃၈) တတိယ​ခြေလှမ်း၊တတိယ​မြောက်​လူ

မအီမသာဖြစ်​​နေသည့်​ခံစားမှုက​ပျောက်​မသွား​သေး​ပေ။နှိုး​နေပြီဖြစ်​​သော်​လည်းချန်​အန်းအိပ်​ရာ​ပေါ်ကမထချင်​​သေး ထို့​ကြောင့်​ညိမ်​သက်​သွာပင်​ဆက်​လဲ​လျောင်း​နေလိုက်​သည်​။ ကျိန်းစက်​​နေသည့်​ဦး​ခေါင်းကိုသက်​သာ​စေရန်​ချန်​အန်းမျက်​ရိုးကိုဖိထားလိုက်​သည်​။လက်​ရှိခန္ဓာကိုယ်​ကကျန်းမာ​နေတာကလွဲရင်​သူ့အရင်​ခန္ဓာကိုယ်​နှင့်​ ဆီနဲ့​ရေလိုပင်​။ အရင်​ကဆိုအဲ့လိုဝိုင်​​လောက်​နဲ့သူမမူးသွားနိုင်​ဘူး။အခု​တော့အရမ်းကိုမူး​ဝေ​နေလွန်းလို့မှတ်​ဥာဏ်​​တွေ​တောင်​တစ်​ပိုင်းတစ်​စဖြစ်​​နေတယ်​။မ​နေ့ညကသူမမှတ်​မိတဲ့အရာ​တွေအများကြီးပဲ။
အိုင်​ဗန်​ဆိုတဲ့ အယုတ်​တမာ​လေးသူ့ကိုနမ်းတာခံရပြီးတဲ့​နောက်​ပိုင်းသူဘယ်​လိုအိမ်​ပြန်​​ရောက်​လာသလဲမမှတ်​မိ​တော့​ပေ။ဒါ​ပေမယ့်​သူနိုးနိုးခြင်းမျက်​စိဖွင့်​​တော့ချန်​ယန်းအိပ်​ရာ​ပေါ်မှာလဲ​နေတာသူမြင်​လိုက်​ရတယ်​။ သူ့ကိုအိမ်​ပြန်​​ခေါ်လာတာလည်းချန်​ယန်းပဲဆိုတာသူသိတယ်​။

"ကျစ်​!​သေစမ်း'' အိပ်​ရာ​ပေါ်ထတာနဲ့ချန်​အန်းသူ့ရဲ့ အကိုက်​ခံထားရသည့်​နှုတ်​ခမ်းများကိုထိလိုက်​သည်​။မ​နေ့ညကဘာ​တွေဖြစ်​ခဲ့သလဲ ချက်​ချင်းပဲကျိန်​ဆဲလိုက်​သည်​။မကြာခင်​မှာ အိုင်​ဗန်​ပြန်​​ပေးဆပ်​ရမှာ​တော့အ​သေအချာပဲ။

"ဦး​လေး နိုးပြီလား''

ချန်​ယန်းကတံခါးကိုဖြည်းဖြည်း​လေးဖွင့်​ပြီးလက်​ထဲမှာစွပ်​ပြုတ်​ခွက်​နဲ့ဝင်​လာသည်​။ အိပ်​ရာ​ပေါ်ထထိုင်​​နေသည့်​ချန်​အန်းကိုမြင်​​တော့အလျင်​အမြန်​​ပြေးသွားလိုက်​သည်​။ မိုးမလင်းခင်​ကတည်းကချန်​အန်းနိုး​နေခဲ့သည်​။သူမီးဖို​ချောင်​ကိုတိတ်​တိတ်​​လေးသွားပြီးအခန်းတံခါးကိုပါ​သေ​သေချာချာ​လော့ချခဲ့သည်​။နေမထွက်​လာခင်​တုန်းက ချန်​ယန်းအိပ်​ရာ​ပေါ်မှာလဲ​လျောင်း​နေသည့်​လူကိုတိတ်​တိတ်​​လေး​ငေးကြည့်​​နေခဲ့သည်​။ နံနက်​​နေထွက်​လာ​တော့ မ​နေ့ကချန်​ယန်းဆိုတာလုံးဝ​ပျောက်​ကွယ်​သွားပြန်​သည်​။

Rebirth of Chen An【Zaw + uni】Tahanan ng mga kuwento. Tumuklas ngayon