အခန်း(၆၂) Alert
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့
"Monkey အဲ့ဒီကအိုင်ဗန်အခြေအနေကဘယ်လိုလဲ''
ရုံးခန်းထဲတွင် ရွှေရောင်ဆံပင်လူတစ်ဦးနဲ့ ရုပ်ရည်သန့်ပြန့်ချောမောသည့် ဆံပင်အနက်ရောင်နှင့် လူငယ်တစ်ယောက်ရှိနေသည်။
"အိုး တရုတ်မှာသတင်းတော့ရှိပါတယ်။ ရုရှားလူမျိုးတစ်ချို့က တရုတ်နိုင်ငံရဲ့ပိုင်နက်အတွင်းမှာပဲ ဥပဒေဘောင်အတွင်းနေကြတယ်။ အခုတလောတော့ တရားမဝင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလှုပ်ရှားတာမတွေ့ရဘူး''
မျက်ဝန်းကျဉ်းကျဉ်းနှင့် လူငယ်က တစ်ဖက်လူကို ကော်ဖီတစ်ခွက်ပေးလိုက်တော့ တစ်ဖက်လူကကျေးဇူးတင်စကားဆိုသည်။ ''နည်းနည်းထူးခြားတာတွေရှိပါတယ်။ အရမ်းကြီးတော့မထူးခြားဘူးပေါ့ကွာ''
"အရေးမကြီးတဲ့ဟာတွေဆို မပြောနဲ့ကွာ'' တင်းရှန်းက ခုံကိုဆွဲယူပြီးထိုင်လိုက်သည်။ သူကော်ဖီတစ်ငုံကိုသောက်လိုက်ပြီး ပြတင်းပေါက်အပြင်က ညှို့ မှိုင်းနေတဲ့ပတ်ဝန်းကျင်းကိုကြည့်လိုက်သည်။ သတိမထားမိခင်လေးမှာပဲ ဆောင်းဦးရောက်လာပြီ။
"အိုင်ဗန် နဲ့ လုဖုန်းကြည့်ရတာ အဆင်မပြေကြပုံပဲ။ ကောလဟာလ တွေအရ သူတို့နှစ်ယောက်ဆက်ဆံရေးကအခု အရမ်းဆိုးဝါးနေတယ်တဲ့။ ပြီးတော့ အိုင်ဗန်ကခုတလော တရုတ်အမျိုးသားတစ်ယောက်နဲ့ တတွဲတွဲရှိနေတယ်။ ငါတို့စုံစမ်းကြည့်တာတော့ တစ်ဖက်လူက ပြစ်မှုကင်းတယ် အရှုပ်အရှင်းမရှိဘူး။ လုပ်ငန်းပူးတွဲပါတနာလာတော့မသိပေမယ့် သူတို့ဆက်ဆံရေးကအရမ်းရင်းနှီးပုံပဲ။ ''
Monkey ဟု ခေါ်သည့် လူငယ်ကသက်ပြင်းချလိုက်ပြီး ''စိတ်ချပါ ။ ငါသူတို့ကိုဆက်စောင့်ကြည့်ခိုင်းထားမယ်။.ဒါပေမယ့်ခုတလော အရှေ့အလယ်ပိုင်းကသတင်းရတာ Assadဆီမှာ မရှိလောက်တဲ့လက်နက်တွေဝင်နေတယ်တဲ့။ တင့်ကားတွေတောင်ပါတယ်ဆိုပဲ''

BẠN ĐANG ĐỌC
Rebirth of Chen An【Zaw + uni】
Lãng mạnလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...