အခန်း (၁၆၇) နေမလား၊သွားမလား။ မင်းသဘော

1.2K 147 3
                                    

အခန်း (၁၆၇) နေမလား၊သွားမလား။ မင်းသဘော

'' ဒီမယ်ချာတိတ် မင်းငါ့ကိုမင်းလက်ခုပ်ထဲကရေလိုလုပ်လို့ရမယ်လို့ယုံကြည်နေတယ်ပေါ့လေ''

ချန်အန်းကအံ့ကိုကြိတ်လျက် လုဖုန်းမေးရိုးကိုခပ်တင်းတင်းညစ်တာ နှုတ်ခမ်းပါးကိုတတိတိကိုက်ပစ်လိုက်သည်။ တစ်ခါနှစ်ခါလည်းမဟုတ်တော့ပေမယ့် အကြိမ်တိုင်းဟာမူးယစ်ဆေးလိုစွဲလမ်းစရာ သူဖြင့်မတင်းတိမ်နိုင်တော့။

ထိုည၏အကျိူးရလဒ်ကနောက်နေ့တွင်စသည်။ ချန်အန်းခါးမှာနေရာတွင်နေမြဲသော်လည်း စိတ်ထဲမှာတော့ကုန်တင်ကားဖြတ်ကြိတ်သွားသလိုခံစားနေရသည်။

'' အန်ကယ်ချန် ကျတော်နှိပ်တာကောင်းရဲ့လား'' တင်းရှန်းက လိမ်းဆေးကိုလက်တွင်ပူအောင်ပွတ်ပြီး ချန်အန်းခါးကိုဖိကာ ကြွက်သားများကိုဖိနှိပ်ပေးသည်။

''အွန်းးး ကောင်းတယ်''

'' အန်ကယ်ချန် ကျတော်မပြောတော့မပြောချင်ပါဘူး။ ခင်များကိုအိုနေပြီလို့လည်းမပြောပါဘူး ဒါပေမဲ့ ခင်များက ၃၀ ကျော်ပြီလေဗျာ။ ဒါကြောင့် နည်းနည်းလေးဆင်ဆင်ခြင်ခြင်ရှိသင့်တယ်ဗျ'' တင်းရှန်းက ချန်အန်း၏ကျောပေါ်မှ သံသယရှိစရာ ပန်းရောင်အစက်အပျောက်များကိုမြင်နေရသည့်တိုင် နှိပ်နေသည်ကိုတော့ရပ်မသွားပေ။

'' အန်ကယ်ချန်ရေ အာဖရိကခြင်ကျားတွေကြီးတာအမှန်ပဲဗျ ခင်များကျောကကိုက်ရာတွေရဲနေတာပဲ။''

ထို 'ခြင်ကျား' ကြီးဆိုသူမှာတော့မလှမ်းမကမ်းမှထိုင်လျက်ကြည့်နေပြီး အောင်နိုင်သူအပြုံးတစ်ချက်ပြုံးလိုက်သည်။

ထိုစဥ်အိုင်ဗန်ကလည်းအားရပါးရအော်ရယ်သည်။ ''ဘယ်တတ်နိုင်မလဲကွာ မြေခွေးအိုကြီးတစ်ကောင်ကခြင်ကိုက်ခံရတာကိုသိပ်ကြိုက်တာကိုး။ ဟေး...ဒါလင်ဘာလို့ကိုယ့်ကိုယ်မခေါ်တာလဲ ကိုယ်သိပ်ကောင်းတာမင်းသိသားနဲ့။''

'' ပိတ်ထားစမ်း!" ချန်ယန်းက အိုင်ဗန်ကိုမြွေဟောက်
လိုရှဲခနဲထရန်လုပ်သည်။

အိုင်ဗန်ကခနဲ့ပြုံးနှင့် '' ဒီမယ်ချာတိတ်လေး မင်းသူ့အိပ်ရာပေါ်အရင်ရောက်အောင်လုပ်နိုင်ပြီးမှ ငါနဲ့စကားပြော ဟုတ်ပြီလား''

Rebirth of Chen An【Zaw + uni】Where stories live. Discover now