အခန်း(၂၀) Tiger King
လက်နက်ပစ္စည်းကိုပထမဦးဆုံးကိုင်တွယ်ဖူးတဲ့သူအနေနဲ့ဆိုရင် အိပ်ကပ်ထဲကျည်ဆန်တစ်ထောင့်ရှိနေရင်တောင်ကြောက်ပြီးချွေးပြန်နေမှာ။ ဒါပေမယ့်အတွေ့အကြုံရင့်ကျတ်ပြီးသားလက်နက်ရာဇာတစ်ယောက်အတွက်တော့ လက်နက်သေတ္တာအပြည့်တင်ထားတဲ့ကားကိုတောင်အေးအေးဆေးဆေးမောင်းနိုင်တယ်။
ချန်အန်းသူ့ရဲ့ပထမဦးဆုံးအတွေ့အကြုံကိုပြန်စဉ်းစားမိသည်။ အက်ဆီးဒင့်တစ်ခုမှာမိဘနှစ်ပါးလုံးဆုံးရှုံးသွားပြီးတော့ သူနဲ့သူ့ညီလေးကိုနိုင်ငံခြားကစုံတွဲတစ်တွဲကမွေးစားဖို့ခေါ်သွားခဲ့တယ်။ ဒါပေမယ့်သူစိမ်းနယ်မြေမှာမှီခိုနေထိုင်နေရတာကနွေးထွေးတဲ့မိသားစုတစ်ခုတော့မပိုင်ဆိုင်ခဲ့ဘူး။ သူတို့မွေးစားမိဘတွေကသူတို့ကိုကောင်းကောင်းမဆက်ဆံခဲ့ဘူး။ အထုအထောင်း၊အဆဲအဆိုမျိုးစုံကိုသည်းခံခဲ့ပြီး တစ်နေ့တော့ ချန်အန်း ထိုစက်ဆုပ်ဖွယ်ကောင်းသည့်လူနှစ်ဦးကိုပြင်းပြင်းထန်ထန်ပြန်လည်ရိုက်နှက်ပြီး ညီငယ်လက်ကိုဆွဲလို့ အိမ် လို့ခေါ်တဲ့အတုအယောင်နေကာကထွက်လာခဲ့သည်။ ထိုအချိန်မှစ၍သူတို့ညီအစ်ကိုနှစ်ဦးခြေဦးတည်ရာလှည့်လည်ကျက်စားခဲ့ရသည်။
ဖြစ်နိုင်တာက ချန်အန်းကလက်နက်အကောင်းအဝယ်သမားတစ်ယောက်အဖြစ်မွေးဖွားလာခဲ့တာပဲ။
သူပထမဦးဆုံးသေနတ်ကိုထိတွေ့ဖူးတာသူ့မွေးမိဘအိမ်မှာပဲ။ အဲ့ဒီ ဖက်တီးကောင်ကြီးရဲ့အံဆွဲထဲက shotgun ကို ထိကြည့်မိတုန်းကချန်အန်းဆံပင်တို့ထောင်သွားခဲ့သည်။ ထိုခံစားချက်က သွေးစုပ်ဖုတ်ကောင်တစ်ကောင်သွေးရဲ့အရသာကိုပထမဦးဆုံးမြည်းစမ်းခွင့်ရသလိုပင်။
သူ့ရဲ့ပထမဦးဆုံးအရောင်းအဝယ်က သူတရုတ်တန်းကဟိုတယ်အဟောင်းကြီးမှာ သေနတ်ရောင်းခဲ့တာပဲ။ သူအဲ့ဒီအချိန်ကတည်းက လူသစ်လို့ပြောလို့တောင်မရအောင်အရမ်းကိုတည်ညိမ်အေးဆေးပြီးယုံကြည်ချက်အပြည့်ရှိခဲ့သည်။သူရှာတဲ့ပိုက်ဆံအရေအတွက်က စားသောက်ဆိုင်ကဟင်းပွဲအရေအတွက်ထက်တောင်ထက်တောင်များသေးတယ်။ အဲ့ဒီအချိန်ကတည်းက သူ့ရဲ့ခြေလှမ်းတိုင်းဟာ လက်နက်အကောင်းအဝယ်အဖွဲ့အစည်းထဲဝင်ရောက်ဖို့ဦးတည်ခဲ့တယ်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...