အခန်း (၅၁) ကြိုဆိုပါတယ်
နေ့အချိန်တွင်အော်ဟစ်သွားလာခဲ့ကြသောလူအစုအဝေးများက ညတွင်ပင်ပန်းသည့်ကိုအကြောင်းပြပြီး ပါတီကျင်းပ၊ဆေးချ ကြသည်။ ချန်အန်းနဲ့ချန်ယန်း ဆိပ်ကမ်းမှာလက်နက်ပို့ပြီး Kiev(ကီးယက်) မှာရှိနေတဲ့ အမျိုးကောင်းသားလေးဝမ်ဟောင်ကိုဝင်ခေါ်စဉ် ထိုအမျိုးကောင်းသားလေး ကလည်း ယူကရိန်းများကြားပျော်မွေ့နေပြီ။
ချန်အန်းဆီက သူတို့အရှေ့အလယ်ပိုင်းကိုသွားမယ့်အကြောင်းကြားတော့ တီဗီထဲမှာပဲတွေ့ရတဲ့နေရာမို့ စိတ်ဝင်စားပြီး ချန်အန်းတို့နောက် သဘောင်္နှင့်လိုက်ခဲ့သည်။
ညိမ်သက်နေသည့်ပင်လယ်ပြင်ကြီးက နေရောင်အောက်တွင် ဖြိုးဖြိုးဖျတ်ဖျတ်လက်နေသည်။ ပင်လယ်ပြာကား တောက်ပသောနီလာကျောက်များ စုဝေးနေသည့်နှစ်လိုဖွယ်ရှိ၏။ သာမန်ကုန်သဘောင်္တစ်စင်းက ထိုရေပြင်ပေါ်တွင် အဖြူရောင်ရေလှိုင်းများချန်လျှက် အေးဆေးစွာမောင်းနှင်နေသည်။
ကြေးစားစစ်သားတစ်ချို့ က သာမန်အလုပ်သမားများဟန်ဝတ်ဆင်ထားကြပြီး ကုန်းပတ်တွင်ကင်းလှည့်နေသည်။ ဝမ်ဟောင်ကတော့ ဤသည်ကိုဂရုမစိုက်။ သဘောင်္အခန်းငယ်အတွင်း၌ ယူကရိန်းသူများနှင့် swimsuit ပါတီကျင်းပနေ၏။
ချန်ယန်းသဘောင်္ဦးလက်ကိုဆုပ်ကိုင်ထားမိသည်။ တောက်ပနေသည့်အပြာရောင်ရေပြင်က သူ့ကိုမူးဝေနေစေသည်။ သူမျက်လုံးကိုမှိတ်လိုက်ပြီးမှ ကုန်းပတ်အစွန်းတွင်ထိုင်နေသည့် ချန်အန်းကို ကြည့်လိုက်သည်။
ချန်အန်းက သဘောင်္ကုန်းပတ်၏အစွန်းတွင်တစ်ယောက်တည်းထိုင်နေပြီး နောက်ရှိ သံတိုင်ကိုမှီထားသည်။ လက်တွင်လည်းစီးကရက်တစ်လိပ်နှင့် ခြေတို့ကိုချိတ်ထားကာ အဆုံးမရှိသည့်ပင်လယ်ပြာကြီးကိုငေးရင်း မည်သည်ကိုတွေးတောနေမှန်းမသိတွေးတောနေ၏။
CZYTASZ
Rebirth of Chen An【Zaw + uni】
Romansလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
