အခန်း(၃၄) တစ္ဆေသရဲလိုအိုင်ဗန်
သူတို့ကြားကဆက်ဆံရေးကဘယ်လိုလုပ်အခုလိုပြောင်းလဲသွားသလဲချန်အန်းမစဉ်းစားတတ်တော့။ သူမသေခင်ကဆိုဒီကောင်လေးကသူ့ကိုအမြဲပြသာနာရှာနေတတ်တဲ့သူ။ဘာမှလုပ်စရာမရှိရင်တောင်သူ့စီးပွားရေးခွင်ကိုလာလာလုတတ်သေးတယ်။ အခုပြန်လည်မွေးဖွားပြီးနောက်မှာတော့ အိုင်ဗန်တစ်ယောက်သူသွားလေရာနောက် တစ္ဆေသရဲလိုပေါ်ပေါ်လာနေသည်။ သူပြန်လည်ဝင်စားပြီးတာနှစ်တစ်ဝက်ပင်မရှိသေး အိုင်ဗန်နဲ့လေးကြိမ်တောင်တွေ့ပြီးနေပြီ။
လေဆိပ်မှာတစ်ကြိမ်၊လေယာဉ်ပေါ်မှာတစ်ကြိမ်၊သဘောင်္ပေါ်မှာတစ်ကြိမ်၊အခုသဘောင်္မှာတုန်းကငြင်းပြီးတာတောင်နောက်တစ်ကြိမ်ထပ်တွေ့ပြန်ပြီ။ ဒီစားသောက်ဆိုင်ကသူအရင်ကတည်းကရှန်ဟိုင်းကိုရောက်ရင်လာလာစားနေကြအကြိုက်ဆုံးစားသောက်ဆိုင်။ဒါပေမယ့်အိုင်ဗန်ဘယ်တုန်းကတရုတ်စာတွေကြိုက်တတ်သွားရတာလဲ။ချန်အန်းခေါင်းကိုမော့ပြီးမလှမ်းမကမ်းကအိုင်ဗန်ကိုလှမ်းကြည့်လိုက်သည်။ ပြုံးနေတဲ့မျက်နှာကြီးကိုမြင်တော့မကောင်းတဲ့အငွေ့အသက်တွေတန်းရလာတယ်။ မျက်လုံးထောင့်ကနေအိုင်ဗန်ဘေးနားမှာရပ်နေသည့်သူကိုလည်းချန်အန်းသတိထားမိလိုက်သည်။
လုဖုန်း!!
သူအရင်ဒီစားသောက်ဆိုင်ကိုလာတုန်းကအမြဲမြဲလိုလိုလုဖုန်းကိုပါခေါ်လာလေ့ရှိခဲ့သည်။ အိုင်ဗန်ကိုယ်တိုင်ကဒီဆိုင်ကိုလာချင်လို့လာတာမဖြစ်နိုင်ဘူး ဒါပေမယ့်လုဖုန်းကတော့...။ သူ့ကိုအကျဉ်းချထားဖူးသည့်မျိုးမစစ်သကောင့်သားက ချန်ကျန်းအန်း သေပြီးတာတောင် အခုလိုချန်ကျန်းအန်းနှင့်အမှတ်တရများရှိနေသည့်နေရာကိုလာဝံ့သေးတယ်!
ပြန်လည်မွေးဖွားပြီးကတည်းကဒါဟာပထမဦးဆုံးအကြိမ်လုဖုန်းကိုသူအနီးကပ်မြင်ရခြင်းပဲ။ လက်ထဲကလက်ဖက်ရည်ခွက်ကိုတင်းတင်းကိုင်ပြီးမြန်ဆန်လာသည့်အသက်ရှူသံများကို ချန်အန်းကြိုးစားထိန်းချူပ်နေရသည်။ သူဘယ်တော့မှ လုဖုန်းသူ့အပေါ်သစ္စာဖောက်သည်ကိုမေ့မည်မဟုတ်။ ဒီသစ္စာဖောက်ကသူ့ကိုကျွန်းပေါ်မှာဘယ်လိုချူပ်နှောင်ထားပြီး ဘယ်လိုအနိုင်ထက်စီးနင်းပြုခဲ့သလဲဆိုတာ ဘယ်လိုလုပ်မေ့သွားနိုင်မှာလဲ။
သူ့စိတ်နှင့်ခန္ဓာကို ညှင်းပန်းခဲ့သည့်အဖြတ်အပျက်များက ချန်အန်းအတွက်တော့ ဝိညာဉ်ကိုသံပူပြားနှင့်ကပ်သကဲ့သို့ပင်။ ပြန်လည်မွေးဖွားပြီးသည့်တိုင်ယခင်အဖြစ်အပျက်များ၏မှတ်ဥာဏ်တစ်စွန်းတစမှမေ့လျော့သွားခြင်းမရှိ။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...