အခန်း(၃၃) မင်းဘယ်လိုဘဝမျိုးမှာနေချင်လဲ
ဝါးဖြင့်လုပ်ထားသည့်Menuစာအုပ်မှအကောင်းစားဟင်းလျာများကိုကြည့်ရင်း ချန်ယန်း၏လက်ဖဝါးတို့ချွေးစေးပျံလာတော့သည်။ဟင်းလျာတစ်ခုချင်းစီ၏ဘေးမှဈေးနှုန်းများကိုကြည့်၍သူစိတ်ဓာတ်ကျလျှက်ရှိသည်။ ချန်အန်းသူ့ကိုအခုလို suitဝတ်စေချင်တာက အနောက်တိုင်းအစားအစာသွားဖို့အတွက်ဟုသာသူထင်ခဲ့မိတာ။ ချန်အန်းသူ့ကိုအခုလိုတရုတ်စားသောက်ဆိုင်ကြီးဆီခေါ်လာလိမ့်မယ်လို့စိတ်မကူးခဲ့မိပေ။
နှစ်ဦးသား ဥယျာဉ်ငယ်လေးဘေးတွင်ထိုင်နေကြပြီး ဘေးတွင်လည်း တရုတ်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားသောမိန်းကလေးများရှိနေကြသည်။ တစ်ဦးကကူကျန့်(စောင်း)ကိုတီးခတ်လျှက်ရှိပြီးကျန်တစ်ယောက်က ရေနွေးအိုးတည်နေသည်။
မီးဆိုင်းကြီးကလည်းငွေရောင်အလင်းဖြာလျှက်ရှိပြီး ဥယျာနံဘေးမှရေကန်ပေါ်တွင်လည်းလရိပ်ကျလျှက်ရှိသည်။ ပန်းတို့၏မွှေးရနံ့ ကလည်းညခင်း၏ညိမ်သက်ခြင်းကိုပိုမိုအားဖြည့်ပေးနေသည်။ချန်ယန်း၏ရှေ့တွင်ထိုင်နေသည့်သူကား ကို့ရို့ကားယားဖြစ်ဟန်မပေါ် ဤနေရာနှင့်အရမ်းကိုရင်းနှီးနေသလိုသက်တောင့်သက်သာရှိလွန်းနေသည်။ သူ၏ရှည်လျားသွယ်လျသောလက်ချောင်းတို့က စောင်းသံနှင့်အပြိုင်စားပွဲပေါ်၌တတပ်တပ်ထိနေပြီး ကျန်တစ်ဖက်ကခွက်၏နှုတ်ခမ်းဝကိုပွတ်သပ်နေသည်။
ချန်အန်း၏လက်ချောင်းတို့ကအဖြူရောင်အလင်းဖျော့ဖျော့အောက်တွင် သန့်စင်အောင်ဆေးကြောထားသောနွေကြက်သွန်ဥများနှင့်ဆင်တူလှသည်။ ကျောက်စိမ်းကဲ့သို့လည်းချောမွေ့နေပြီးအလင်းဖောက်မတတ်ဖြူသွယ်လွန်းသည်။ လက်အဆစ်တို့ကလည်းပန်းပုဆရာကအတိုင်းအဆနှင့်အတိအကျထုဆစ်ထားသလိုပင်။ဟင်းလျာဈေးနှုန်းတို့ကိုစိုးရိမ်စွာကြည့်နေရာမှချန်ယန်းမျက်လုံးတို့ကချန်အန်း၏လက်ချောင်းများဆီသို့ရောက်ရှိသွားသည်။ဒါချန်အန်းကိုပထမဦးဆုံးအကြိမ်တွေ့ဖူးတာမဟုတ်ပေမယ့် သူအခုချန်အန်း၏လက်ချောင်းများမည်မျှကြည့်ကောင်းသည်ကိုသတိထားမိလိုက်ပြန်သည်။ လူတစ်ယောက်ကဝိတ်ချပြီးအဲ့သည်လောက်ပြောင်းလဲနိုင်မယ်လို့ချန်ယန်းမထင်ခဲ့ပေ။ ခန္ဓာကိုယ်ပုံသဏ္ဌာန်သာမက အရှိန်အဝါကပါပြောင်းလဲသွားသည်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...