ချန်ယန်းကချန်အန်းရဲ့တူအရင်း မနှစ်ကပဲရှန်ဟိုင်း တက္ကသိုလ်မှာဝင်ခွင့်ရခဲ့တယ်။ ချန်အန်းကရှန်ဟိုင်းမှာစီးပွားရေးလုပ်ငန်းလုပ်ပြီးစုဆောင်းထားတာရှိတဲ့အတွက်သူ့တူတစ်ယောက်ကိုတော့ကြည့်ပေးဖို့အပန်းမကြီးခဲ့ဘူး။ ဒီနေရာမှာမေးစရာအချက်တစ်ချက်က အသက်၃၀ကျော်ယောက်ျားတစ်ယောက်ဖြစ်ပြီး ဘာလို့အိမ်ထောင်မကျသေးတဲ့အပြင် ရည်းစားလေးတစ်ယောက်တောင်မရှိရတာလဲ ဆိုတဲ့အကြောင်းအရင်း။ အဖြေကတော့ချန်အန်းကလိင်တူချစ်သူဖြစ်ပြီး ယောက်ျားတွေကိုသာသဘောကျသောကြောင့်ဖြစ်သည်။
ခပ်ငယ်ငယ်အဆင်လေးတစ်ပွေနဲ့မတွဲခင်တော့ ချန်အန်းဘဝကအထီးကျန်တာလွဲရင်တောက်တောက်ပြောင်ပြောင်ပဲ။ ဒါပေမယ့် သူ့တွဲခဲ့တဲ့ချူဆီလေးက သူ့ကုမ္ပဏီကိုဒေဝါလီခံရုံမျှမက တိုက်ခန်းကိုပါဆုံးအောင် ကောင်းကောင်းကြီးအကျိုးပေးသွားတယ်လေ။ အချစ်လည်းဆုံး၊ဥစ္စာလည်းပြုန်း နောက်ဆုံးတော့ ကိုယ့်လက်ကိုယ်ဓားနဲ့လှီးပြီးဘဝပါကိစ္စတုန်းဖို့ကြံရွယ်ခဲ့ပုံရသည်။ ကံကောင်းစွာနဲ့ပဲ ချန်ယန်းကအချိန်မှီတွေ့သွားပြီး သူ့ကိုဆေးရုံပို့ခဲ့လို့ အခုလိုအသက်မသေခြင်းဖြစ်သည်။
အသက်မသေခဲ့သော်လည်းမှတ်ဥာဏ်ကတော့ပျောက်သွားပုံရ၏။ ချန်ယန်းကတော့ဒါကိုအဆိုးကြီးမဟုတ်ဘူးလို့ယူဆသည်။ အတိတ်ဆိုးတွေကိုမေ့သွားတာက အနာဂတ်အသစ်မှာကောင်းကောင်းနေသွားနိုင်မယ့်လက္ခဏာပဲလေ။ ဘယ်လိုကြောင့်လဲတော့မသိ သူ ဦးလေးချန်ကိုအခြားတစ်ယောက်ပြောင်းသွားသလိုတော့ခံစားနေရသည်။
ချန်အန်းတကယ်ကိုအကြောဆေးရည်အနံ့ ကိုမခံစားနိုင်တော့။ လူလည်းကောင်းနေပြီးဆိုမှတော့ဆေးရုံကအမြန်ဆင်းဖို့မဖြစ်နိုင်စရာအကြောင်းမရှိဟုသူယူဆသည်။ ချန်ယန်းရဲ့အကူအညီနဲ့ဆေးရုံစရိတ်ကိုရှင်းပြီး သူတို့တူဝရီးနှစ်ယောက်ဆေးရုံကဆင်းခဲ့ကြသည်။
ဆေးရုံအပြင်ကိုခြေချလိုက်သည်နှင့်သူ့ဦးခေါင်းထက်မှစဖြာကျနေသည့်နေရောင်ခြည်အထိအတွေ့ကြောင့်သူပြုံးမိသည်။ ထို့အတူကိုယ့်ကိုယ်ကိုတိတ်တဆိတ်လှောင်မိပြန်သည်။ ကျွန်းပေါ်ကနေရောင်ကရှန်ဟိုင်းမြို့ပေါ်ကနေထက်အဆတစ်ရာပိုလှတယ် ဒါပေမယ့်လွတ်လပ်တဲ့လူတစ်ယောက်အနေနဲ့ ကတော့ရှန်ဟိုင်းမြို့ပေါ်ကနေရောင်က ပိုသာသည်။
BINABASA MO ANG
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...