အခန်း(၄၈) ဦးလေးကရေခဲဂူကြီးဆို ကျွန်တော်ကမီးဖို
ကိစ္စများပြီးဆုံးသွားပြီးနောက် နှစ်ဦးသား ကားနောက်ခန်းတွင်ဝင်ထိုင်လျှက်ထိုနေရာမှထွက်သွားကြသည်။ ကားနောက်ခန်းနှင့်ရှေ့ခန်းကြားတွင် အသံလုံနံရံကာထားသည့် နောက်ခန်းတွင်သူတို့ပြောနေသည်ကိုဒရိုင်ဘာ မကြားနိုင်ပေ။
ချန်အန်းကျောမှီလျှက်တိတ်ဆိတ်စွာထိုင်နေရာက ချန်ယန်းကိုမေးလိုက်သည်။
"ငါလုပ်တာအရမ်းလွန်တယ်လို့ မင်းထင်လား?''
"သူတို့က ဦးလေးကိုအရင်ထိခိုက်ခဲ့ကြတာ။ အခုလိုလုပ်တာ ဦးလေးမလွန်ပါဘူး ကျွန်တော်နားမလည်တာက....'' ချန်ယန်းသူ့နံဘေးမှာချန်အန်းကိုကြည့်လိုက်ပြီး ''ဦးလေး ဘာလို့လျူရှောင်ကျဲ့ကိုမသတ်လိုက်တာလဲ''
ချန်အန်း၊ လျူရှောင်ကျဲ့ကို ဖိနပ်ထိပ်နဲ့မေးကိုမ,လိုက်တဲ့အချိန် ချန်ယန်းတကယ်ကိုလျူရှောင်ကျဲ့နေရာ နေချင်မိသွားသည်။ သူရူးပဲနေပြီလား? ဒါမှမဟုတ် နှာဗူးများဖြစ်နေပြီလားမသိတော့။
ချန်ယန်း၏စကားတို့က ချန်အန်းကိုအနည်းငယ်အံ့သြသွားစေသည်။ သူ့စိတ်ထဲတွင်ကား ချန်ယန်းသည် အကောင်းမြင်တတ်သည့် ယုန်ဖြူလေးသဖွယ် ချစ်စရာကောင်းသော၊ အနည်းငယ်အူတူတူနိုင်သော ခပ်ချောချောကောင်လေးအဖြစ်သာရှိနေသေးသည်။ သူ့အခုလိုလုပ်နေသည့်ကိစ္စများကို ချန်ယန်း အနေနဲ့ အရမ်းလွန်လွန်းတယ်၊လက်မခံနိုင်စရာကိစ္စဖြစ်နေမယ်လို့ထင်ထားခဲ့တာ။ ဒီကောင်လေးအခုလိုစကားမျိုးပြောလာလိမ့်မည်ဟုသူမထင်ခဲ့ပေ။
သူအခုလိုသွားလေရာချန်ယန်းကိုခေါ်သွားတာကလည်း ပထမအကြိမ်စာမေးပွဲစစ်ပြီးကတည်းက ချန်ယန်းမှာသူမတူတဲ့ပါရမီမျိုးပိုင်ဆိုင်ထားသည်ကိုမြင်လိုက်သောကြောင့်ဖြစ်သည်။အထူးသဖြင့်လက်နက်နှင့်ပတ်သက်ပြီး သူမျှော်လင့်ထားသည်ထက် ပိုပြီးအရည်အချင်းရှိသည်ကိုအံ့သြစွာတွေ့ရသည်။ Shooting Clubတွင်လအတော်ကြာလေ့ကျင့်ပြီးနောက် ချန်ယန်းသေနတ်ကောင်းကောင်းပစ်နိုင်တဲ့အဆင့်ရောက်နေပြီ။ ဒါတင်မကသေး သူ့ရဲ့ international အပေါ်အမြင်များနှင့်အတွေးအခေါ်ကလည်း သာလွန်ထူးခြားသည်။
ВИ ЧИТАЄТЕ
Rebirth of Chen An【Zaw + uni】
Романтикаလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
