အခန်း(၄၃) ဒုတိယမြောက် အမွေဆက်ခံသူအလောင်းလျာ
လက်နက်အရောင်းအဝယ်သမားတစ်ယောက်က လက်နက်တစ်ခုချင်းစီရဲ့အမျိုးအစားကိုမမှတ်မိဘူးဆိုရင်။ဘယ်လိုလုပ်အခြားလူတွေဆီလက်နက်ရောင်းမလဲ။
ချန်အန်းသူ့ရှေ့တည့်တည့်မှာရပ်နေသည့်ချန်ယန်းကိုကြည့်လိုက်သည်။ချန်ယန်းကလည်းကြောက်နေတာတွေစိတ်လှုပ်ရှားတာတွေမရှိပဲချက်ချင်းပြန်ဖြေသည်။"Lee-Enfield ရိုင်ဖယ်ရဲ့ကြံ့ခိုင်မှုက Mauser Kar98Kရိုင်ဖယ်ထက်သာတဲ့အပြင် Lee-Enfield ရိုင်ဖယ်ရဲ့ကျည်ရောက်နိုင်နှူန်းကလည်း Mauser Kar98Kထက်သာတယ်''
ချန်အန်းခြေကိုကွေးပြီး လက်တစ်ဖက်ကိုဆိုဖာနောက်မှီပေါ်ဆန့်တန်းပြီးကျောမှီထားလိုက်သည်။ လက်ထဲကမဂ္ဂဇင်းကိုလည်းစိတ်မဝင်စားသလို ဘေးချလိုက်သည်။
"ဆက်ပြော''"Lee-Enfield ရိုင်ဖယ်က ကြံ့ခိုင်မှုနဲ့ကျည်ရောက်နိုင်နှုန်းမှာသာတယ်ဆိုပေမယ့် သူ့ရဲ့တည်ဆောက်ပုံကစိတ်မချရဘူး။ ပစ်အားထက် ချိန်နှုန်းကိုပိုမြန်ဆန်ဖို့လည်းလိုတယ်။ အခြားကျည်အလျင်တွေကသူ့ကိုဖျက်ဆီးနိုင်တယ်။''
အဖြေကိုဖြေနေတဲ့အချိန်မှာချန်ယန်းအမူအရာကအရမ်းကိုကောင်းတယ်။ တည်ညိမ်ပြီးအာရုံစူးစိုက်မှုရှိတယ်။ ကြောက်လန့်တုန်ရီပြီးထစ်ငေါ့နေတာမျိုးမရှိဘူး။အရင်ကနည်းနည်းမရင့်ကျတ်တဲ့ပုံပေါက်ခဲ့ပေမယ့်အခုသူ့ပုံစံကနည်းနည်းရင့်ကျတ်လာပြီ။
ချန်အန်းတစ်ခုမေ့သွားတယ် ။ ချန်ယန်းတက်နေတဲ့တက္ကသိုလ်ကရှန်ဟိုင်းရဲ့အကောင်းဆုံးတက္ကသိုလ်ဆိုတာ။ ချန်ယန်းအစွမ်းအစနဲ့ဆို မာစတာဘွဲ့ထပ်ယူဖို့ဘာမှမခက်ခဲဘူး။"မင်းမှာအခြားအမြင်ရှိသေးရင်ဆက်ပြောကြည့်ပါအုန်း'' ပြောစရာကျန်သေးပုံရတဲ့ချန်ယန်းကိုကြည့်ပြီး ချန်အန်းသူ့ဒူးပေါ်ကလက်ချောင်းတွေကိုတတပ်တပ်ခေါက်နေလိုက်သည်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...