အခန်း(၈၅) အကျိုးအမြတ်

8.2K 1.3K 181
                                    

အခန်း(၈၅) အကျိုးအမြတ်

အိုင်​ဗန်​နာကျင်​စွာဒူး​ထောက်​ချမိပြီး မိမိ​ရှေ့ကလူကိုတအံ့တသြ​မော့ကြည့်​မိသည်​။ ချန်းအန်း၏မျက်​နှာ​ပေါ်ကတည်​ညိမ်​တဲ့အမူအရာက ဒါဟာသူ့အတွက်​ပထမဦးဆုံးအကြိမ်​ပစ်​ဖူးခြင်းမဟုတ်​​ကြောင်း ထင်​ရှား​နေ​သည်​။

ချန်​အန်းကလက်​ညှိုးကိုအသာ​ကွေးညွှတ်​ပြီး ''မင်းသက်​​တော်​​စောင့်​​တွေကို ငါ့အ​ဝေးမှာ​နေခိုင်းလိုက်​ မဟုတ်​ရင်​​နောက်​တစ်​ချက်​ကမင်း​ခြေ​ထောက်​မဟုတ်​ဘဲ ရင်​ဘတ်​ဖြစ်​သွားလိမ့်​မယ်​''

"အချစ်​ မင်းကိုယ့်​ကိုတကယ်​​ရှော့ရ​အောင်​လုပ်​လိုက်​တာပဲ'' စကားလုံးတစ်​လုံးချင်းစီက ခက်​ခဲနာကျင်​စွာဖြင့်​ထွက်​လာသည်​မို့ အိုင်​ဗန်​၏လက်​ရှိစိတ်​ခံစားချက်​ကိုခန့်​မှန်းလို့ရ​နေပြီ။

"အခုမင်းကိုယ်​မင်းပြန်​ကြည့်​လိုက်​ပါအုန်း ​ဒေါသ​တွေမယုံကြည်​နိုင်​မှု​တွေနဲ့ အံ့သြမှု​တွေအပြင်​မခံမရပ်​နိုင်​မှု​တွေပါပြည့်​​နေတဲ့ သနားစရာပုံစံကြီး ။ ငါတို့ရဲ့အိုင်​ဗန်​​လေးက​နောက်​ဆုံး​တော့ အချစ်​ကိုခံစားတတ်​သွားပြီး ​ယောက်ျားတစ်​​ယောက်​ချစ်​မိသွားပြီ​ပေါ့။ ဒါ​ပေမယ့်​ကံမ​ကောင်းတာက မင်းကအချစ်​နဲ့ပတ်​သက်​ရင်​မူကြိုအဆင့်​ပဲရှိ​သေးတာပဲ။ မနူးမနပ်​​ကောင်​ငယ်​​လေးကို ကစားလိုက်​ရတာသိပ်​​တော့စိတ်​မ​ကောင်းပါဘူး''

ရဟတ်​ယာဉ်​ကွင်းထဲဝင်​လာတဲ့ အင်​တာပိုရဲ​တွေကိုကြည့်​ပြီး ချန်​အန်း ၊ ​မြေပြင်​နှင့်​ကပ်​ကာအချူပ်​ခံလိုက်​ရသည့်​ အိုင်​ဗန်​ကိုပြုံးလိုက်​သည်​။ ''ငါ့ကိုမုန်းလား အိုင်​ဗန်​? ဒီ​နေ့နာကျင်​မှုကိုမှတ်​ထားလိုက်​ အဲ့တာမင်းနဲ့အတူတစ်​ဘဝလုံး မင်းငရဲကို​ရောက်​တဲ့အထိရှိ​နေမှာ''

"မင်းကိုယ့်​ကိုသစ္စာ​ဖောက်​တယ်​...''

"ဘယ်​တုန်းကမှသစ္စာမရှိခဲ့တာပဲ...ဘယ်​နားကသစ္စာ​ဖောက်​ရမှာလဲ။ အိုင်​ဗန်​ မင်းလွဲ​နေပြီ''

အနက်​​ရောင်​အထူးရဲဝတ်​စုံနှင့်​ တင်းရှန်းကချန်​အန်းရှိရာကို​ပြေးလာ​တော့ ချန်​အန်းမျက်​လုံးထဲက​အေးစက်​မှု​တွေရုတ်​သိမ်းလိုက်​ပြီး ​ကြောက်​ရွံအားငယ်​သည့်​အသွင်​ဟန်​​ဆောင်​လိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now