အခန်း (၁၄) Gymထဲကအနှောင့်အယှက်
ဘယ်သူ personal trainer လိုလဲ? တင်းရှန်း၊ အင်တာပိုအေးဂျင့် လေးက ရွေးသင့်တဲ့နည်းပြတစ်ဦးပေါ့။ သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းတင်သူဘယ်လောက်ကြံ့ခိုင်ကြောင်းပေါ်လွင်နေပြီ။ တင်းရှန်းကတရုတ်ကပြားလည်းဖြစ်နေတာကြောင့် သူ့ခန္ဓာကိုယ်ကအရမ်းကြီးတောင့်တင်းနေတာမျိုးမဟုတ်ပဲ ကျစ်ကျစ်လစ်လစ်နဲ့ကြည့်ကောင်းတယ်။
ချန်အန်းအနေနဲ့အရင်လကထက်စာရင်ပိုပိန်သွားပြီဆိုပေမယ့်လည်း သူ့မှာအခုကြွက်သားတွေအစား အဆီတွေကများနေသေးတယ်။သူ့ရည်ရွယ်ချက်က ပုံမှန်အလေးချိန်ရအောင်ဝိတ်ချပစ်ဖို့ပဲ။ တင်းရှန်းလိုခန္ဓာကိုယ်ထိတော့မမှန်းဘူး။ ဝိတ်ချတာဟာတကယ်တော့အရမ်းရိုးရှင်းပါတယ် ဘာလို့ဆို နှစ်ခုပဲလုပ်စရာလိုတယ်လေ။အစားလျော့၊လေ့ကျင့်ခန်းလုပ်။ဒါပေမယ့်တကယ်တမ်းလုပ်ဖို့ကအားအများကြီးစိုက်ထုတ်ရတယ်။ ဇွဲမရှိတဲ့လူကတော့မစခင်ကတည်းကရှုံးမှာပဲ။ ကံကောင်းတာက ချန်အန်းကအရမ်းကိုစိတ်ဓာတ်ပြင်းထန်ပြီးဇွဲကြီးတဲ့သူဖြစ်နေတာပဲ။
လေ့ကျင့်လုပ်ပြီးတော့ ချန်အန်း spinning bikeပေါ်မှာထိုင်ပြီးနားလိုက်တယ်။ ရေနှစ်ငုံလောက်သောက်ပြီးတော့အသက်ပြင်းပြင်းရှူပြီး သူမေးလိုက်တယ်။
"မင်းမကြာခင်အမေရိကကိုပြန်တော့မှာလား''"အင်း ။ ကျွန်တော်နောက်လပြန်တော့မှာ။ အလုပ်ပဲလုပ်နေခဲ့တော့ အနားယူရတာသက်တောင့်သက်သာမရှိဘူး''
"ခင်များကော?''
"ငါလား။ မသိသေးဘူး။အချိန်ယူရအုန်းမယ်''
ချန်အန်းအပြုံးတစ်ခုနဲ့တုန့်ပြန်လိုက်တယ်။ အခုသူတို့ကသာမန်မိတ်ဆွေတွေပဲ။တစ်ယောက်နံမည်တစ်ယောက်သိတာကလွဲရင် တစ်ယောက်အလုပ်အကိုင်နဲ့အတိတ်အကြောင်းကိုတစ်ယောက်သိကြတာမဟုတ်ဘူး။ မေးလည်းမမေးဘူး။ တင်းရှန်းကမမေးမှတော့ချန်အန်းဖက်ကလည်းဘာမှပြောပြဖို့စိတ်ကူးမရှိဘူး။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...