အခန်း (၁၆၆) တစ်ယောက်ချင်းရဲ့အရည်အချင်းအတိုင်း

679 86 3
                                    

အခန်း (၁၆၆) တစ်ယောက်ချင်းရဲ့အရည်အချင်းအတိုင်း

''မစ္စတာချန် ကျတော်တို့ကို ခင်များရဲ့ လက်နက်ရာဇာဘဝကနေ လယ်သမားဘဝကိုပြောင်းသွားတဲ့ ခံစားလေးဝေမျှပေးပါလားခင်မျ။''  သူတို့စီးလာသော ကျည်ကာကားသည်သက်တော်စောင့်များရှေ့ရောနောက်ပါလိုက်ပါလာခဲ့သည်။တင်းရှန်းက  lollipop ကိုမိုက်သဏ္ဍာန်ကိုင်လျက် သတင်းထောက်တစ်ယောက်ဟန်အပြည့်နှင့်အင်တာဗျူးသည်။

'' အင်...ကမ္ဘာကြီးကအရမ်းချောတဲ့လက်နက်ရာဇာတစ်ယောက်လျော့သွားပြီး အရမ်းမိုက်တဲ့လယ်သမားတစ်ယောက်ရသွားတာပေါ့''

ယခင်ကဆိုလျင် ချန်အန်းသည်ဟာသဖောက်တတ်သူမဟုတ်။ သူကဟာသပြောချင်ရင်တောင်ဘယ်သူကရယ်ရဲမှာလဲမဟုတ်ဘူးလား။ ဒါပေမဲ့အခုချိန်မှာတော့ တင်းရှန်းနဲ့အရွှန်းဖောက်ရတာတင်အရမ်းသဘာဝဆန်နေသည်။ Lollipop ကိုကြည့်မိရာက ချန်အန်းခေါင်းကိုတိုးပြီးသကြားလုံးထိပ်ကိုလျှာဖြင့်လျှက်ကြည့်လိုက်သည်။ ''လိုင်ချီးအရသာပဲ။''

တင်းရှန်းက ခေတ္တတန့်သွားပြီး ရုတ်တရက်မျက်နှာကအပူလှိုင်းများပြန့်နှံ့သွားသည်။ ချန်အန်းကပါးစပ်ကိုဟပြီးသကြားလုံးကိုလှမ်းငုံဖို့ပြင်လိုက်စဥ်မှာပဲ တင်းရှန်းကအမြန်သူ့ပါးစပ်ထဲထည့်လိုက်သည်။
'' ဒါ ကျတော့်ဟာ''

'' မင်းတကယ်စားမလို့လား ငါလျှက်ပြီးသားကြီးနော်''

''ဟုတ်လား'' တင်းရှန်းကပြုံးလျက် တကျွတ်ကျွတ်မြည်အောင်သကြားလုံးကိုစုပ်လိုက်သည်။ '' အဲ့တာကြောင့် အရမ်းအရသာရှိနေတာနေမယ်''

မဟုတ်မှလွဲရော ဒီဖိုးသခွားလေးကိုလှရွှေကသူ့ကိုဖလစ်နေတာလား။ ချန်အန်းကသာအခုမျက်စိမှိတ်ထားမိရင် သူ့ဘေးမှာထိုင်နေတာကဝက်ဝံကြီးလို့အထင်မှားမိမှာပဲ။

'' မင်းဘာဖြစ်နေတာလဲ။ ခုတလောထူးဆန်းနေတယ်''

သူ့ကို perfect ဖြစ်တဲ့လူလို့ချီးကျူးတဲ့အပြင်အခုလည်း သူ့ကိုအထာလည်းပေးနေသေးတယ်။ သူတို့အနေနဲ့သိလာတာတစ်ရက်နှစ်ရက်လည်းမဟုတ်တော့ဘူး။ တင်းရှန်းက အရင်ကဒီလိုမဟုတ် အချစ်ရေးနဲ့ပတ်သက်ရင်တွဲမြင်လို့တောင်မရသည့်သူမျိူးလေ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now