အခန်း(၇၇) ရေကန်ထဲကလူယုတ်မာ
"အန်း... မင်းဆင်းလာလို့မရဘူးလား''
ရွှဲစိုနေသည့်ရွှေရောင်ဆံပင်များကို သပ်တင်ပြီး အိုင်ဗန်ကရေကူးကန်အတွင်းမှဘွားကနဲပေါ်လာက ကန်ဘောင်ကိုလက်နှစ်ဖက်ထောက်လျှက်အော်ပြောသည်။ ကန်အနီးအနားတွင်တော့ အမွှေးမစိုသေးသော ငန်းအိုကြီးချန်အန်းကသစ်သီးဖျော်ရည်သောက်လျှက်မဂ္ဂဇင်းဖတ်ကာ ဇိမ်ယူနေသည်။
"တော်ပြီ''
ချန်အန်းက ရေစိုဝက်ဝံကိုအဖတ်ပင်မလုပ် လက်ထဲကမဂ္ဂဇင်းစာစောင်ကိုအကြည့်မခွာဘဲ ဖြေလိုက်သည်။ သူ့ဘဝမှာဘယ်တုန်းကမှ ရေကူးမသင်ခဲ့ဘူး။ ဒီတော့ ဒီဘဝမှာလည်းကူးတတ်မှာမဟုတ်ဘူး။ သူရေစိမ်ရတာကြိုက်ပေမယ့် ရေကန်ထဲဆင်းရတာတော့မကြိုက်ဘူး။ အိုင်ဗန်ကတော့ ကန်ပေါ်ပြန်တက်ပြီး ဟန်ရေးပြကာ ရေထဲဒိုင်ပင်ထိုးဆင်းပြန်သည်။ ကြည့်ရတာရှက်စရာကောင်းသည်။
ဒီအန်ကယ်ကြီးရဲ့ဘဝင်က မိုးထိမကမြင့်သည်။ သူ့မျက်လုံးထဲမှာတော့ အိုင်ဗန်ဟာသူ့မျက်စိအောက်ကလူငယ်လေးသာဖြစ်ပြီး သူ့ကိုယ်သူ အငယ်ရှေ့မှာအရှက်ကွဲတော့မခံနိုင်။
"မင်း ရေမကူးနိုင်တာတော့မဟုတ်ဘူးမလား'' အိုင်ဗန်က ရေကန်တွင်းကတစ်ဖန်ပြန်တက်လာသည်။ သူ့ကိုယ်ပေါ်တွင်ခပ်ကြပ်ကြပ် ရေကူးဘောင်းဘီတစ်ထည်သာဝတ်ဆင်ထား၍ နေရောင်အောက်တွင် လှပသောကြွက်သားများကိုမကြည့်ချင်ဘဲနဲ့တောင်မြင်နေရသည်။
ရုရှားသား၏ရှည်တံရှည်များက ချန်အန်းရှိရာသို့လျှောက်လှမ်းလာပြီး သူ့မျက်လုံးများ ချန်အန်း၏ခြေတံများဆီသို့ဆိုက်ဆိုက်ရောက်လာသည်။ ချန်အန်း၏ခြေထောက်များက နေမထိတာကြာမြင့်ပြီဖြစ်သောကြောင့် ဖြူဖွေးဝင်းမွတ်နေသည်။
သူရေမကူးနိုင်ပေမယ့်လို့ ချန်အန်းမှာရေကန်နဲ့အဝေးနေဖို့တော့စိတ်ကူးမရှိ။ ဒီကနေ့ ဟာရာသီဥတုလည်းသာယာတာကြောင့် ရှပ်အင်္ကျီပွပွနဲ့ ဒူးအတိကမ်းခြေဘောင်းဘီလေးဝတ်ပြီး နေပူဆာလှုံနေသည်။
ВЫ ЧИТАЕТЕ
Rebirth of Chen An【Zaw + uni】
Любовные романыလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
