အခန်း (၁၇၂) ဒီလယ်သမားတွေကသွားရှုပ်သင့်တဲ့သူတွေမဟုတ်

753 92 2
                                    

အခန်း (၁၇၂) ဒီလယ်သမားတွေကသွားရှုပ်သင့်တဲ့သူတွေမဟုတ်

ပြသနာတစ်ခုကိုဖြေရှင်းမည်ဆိုလျှင်အရင်းအမြစ်ကိုစလိုက်ရမည်။သို့မဟုတ်ပါက ဇာတ်သိမ်းကိုမြင်ရမှာမဟုတ်ပေ။

သူတို့အဖွဲ့ဝင်တစ်ယောက်ရဲ့ခြေလက်တွေကိုချိူးပြီးသွားမှတော့ အနိုင်ကျင့်တယ်ပဲခေါ်ခေါ် တရားမှုကိုပြန်လည်ရယူတယ်ပဲချေချေ ချန်ယန်းအနေနဲ့သူတို့ဟာအလွယ်တကူလာထိလို့ရတဲ့သူမဟုတ်ဘူးဆိုသေချာအောင်တစ်ဖက်ကိုပြရမည်။မဟုတ်လျှင် ဂျိူစောင်းများကကြွလာဦးမှာမလွဲပေ။

လီယွန်ရဲ့ခြေလက်တွေကိုချိူးပြီးသုံးရက်အကြာမှာတော့ ချန်ယန်းကဒေသခံဂိုဏ်းခေါင်းဆောင်နဲ့နှစ်ဦးတွေ့ဖို့စီစဥ်လိုက်ပြီး နေရာကို​တော့ ခြုံခိုတိုက်ခိုက်မခံရအောင် မြို့စွန်ကကွင်းပြင်မှာချိန်းထားသည်။

ဂိုဏ်း၏ခေါင်းဆောင်မှာအသက်လေးဆယ်အရွယ်ရှိ Celiဟုခေါ်သောသူဖြစ်သည်။ သူဟာတိုက်ပွဲများစွာနွှဲဖူးပြီး ဒီမြေရိုင်းမှာမွေးသူပီပီ ဆယ်နှစ်သားအရွယ်ကတည်းကသေနတ်ကိုအရုပ်လုပ်ကာ ၁၂နှစ်သားအရွယ်မှာ စစ်ပွဲကိုပထမဦးဆုံးအကြိမ်မျက်မြင်တွေ့ခဲ့သူဖြစ် သည်။ ထို့ကြောင့်သူနုတ်ယူခဲ့သည့်အသက်ပေါင်းစွာမှာရေတွက်မနိုင်တော့ပေ။ Celi ဟာ ဒီမြေမှာရွာသူကြီးနဲ့တန်းတူ ကိုယ့်ကိုယ်ကိုအင်အားအကြီးဆုံးနှင့်အာဏာအရှိဆုံးဟုခံယူထားသူဖြစ်သည်။ အခုတော့ တစ်ပြည့်တစ်ရွာကရောက်လာတဲ့ပေါက်ဖော်လေးတွေကသူ့ကိုသွေးလာစမ်းနေသည်မို့အတော်လေးဒေါသထွက်နေရသည်။

စီးကရက်ကိုနှုတ်ခမ်းတွင်ခဲပြီး Celi က အနောက်တိုင်းဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားသည့်မိမိရှေ့မှလူငယ်လေးကိုခေါင်းစခြေဆုံးကြည့်လိုက်သည်။ မျက်နှာမှာအမာရွတ်တစ်ချက်မှမရှိသည့် ချန်ယန်း၏မျက်နှာချောချောက ဖန်လုံအိမ်ထဲကပန်းလေးသဖွယ်မို့ Celiကရယ်လိုက်သည်။

''ဘယ်သူကများငါ့လူကိုထိရဲတာလဲလို့ ကြည့်စမ်း... အံ့ဩစရာ Pretty boy လေးတဲ့'' Celi ကသူ့လေသံထဲက ခနဲ့သံကိုဖုံးကွယ်မထားဘဲ ချန်ယန်းကိုလက်ညှိုးတည့်တည့်ထိုးရင်းရယ်မောလိုက်သည် ။

Rebirth of Chen An【Zaw + uni】Nơi câu chuyện tồn tại. Hãy khám phá bây giờ