အခန်း (၁၇၃) လူရိုးဆို?

727 84 0
                                    

အခန်း (၁၇၃) လူရိုးဆို?

သူ့ခေါင်းတစ်ခုလုံးကနှစ်ခြမ်းကွဲမတတ်ကိုက်ခဲနေသည်။ မနေ့ညကပါတီက လုံးဝဗြောင်းဆန်သည်။ သူမသိသော ရယ်မောပျော်ရွှင်နေကြသည့် လူငယ်ယောကျ်ား​လေး မိန်းကလေးတို့ကြားချန်အန်းလည်းပဲ စိတ်လွှတ်ကိုယ်လွှတ်ကာ ပါတီရဲ့အဓိကဇာတ်လိုက် တင်းရှန်းနှင့်လက်ချင်းတွဲကခဲ့သေးသည်။
အမှန်ပြောရရင်ချန်အန်းက အသက်ကြီးပြီဆိုတဲ့အရွယ်ရောက်လာတာတော့ငြင်းမရ သူကိုယ်၌ကလူငယ်လိုနေချင်လို့သာ နေနေခြင်းဖြစ်သည်။

ချန်ယန်း၊လုဖုန်းနဲ့အိုင်ဗန်တို့ဆို ဘယ်လိုပဲဖြစ်ဖြစ်သူ့ထက်သိပ်ငယ်ကြလွန်သေးသည်။ ချန်ယန်းက သူ့ကိုယ်သူ သူနဲ့မတန်မှာစိုးရိမ်နေတဲ့အချိန် ချန်အန်းကိုယ်တိုင်ကလည်း စိုးရိမ်သည့်အချက်တစ်ခုတော့ရှိသည်။ ထိုအရာက သူနဲ့ထိုလူငယ်များကြားက ကြီးမားလွန်းသည့်အသက်ကွာဟမှုပင်။
ဒါကြောင့်သူ့အနေနဲ့ ပါတီတွေမကြာခဏသွားပြီး သီချင်းဆိုကခုန်ရင်းလူငယ်လိုဖြတ်သန်းကြည့်လျှင်မဆိုးဘူးဟုထင်သည်။ အသက်သုံးဆယ်ကျော်မှာ အငြိမ်းစား၆၀ ကျော် လူကြီးတစ်ယောက်လို ဥယျာဥ်ထဲ အပင်စိုက်မြက်နုတ်တာထက်စာရင် အများကြီးပိုတက်ကြွနေနိုင်သည်။

'အမြှီးကိုးချောင်းမြေခွေးအိုကြီး' ဆိုတဲ့နာမည်မပါတဲ့ချန်အန်းဟာဒီနေရာမှာသာမန်လူတစ်ဦးလိုလွတ်လပ်ပေါ့ပါးစွာရယ်မောနိုင်သည်။ တင်းရှန်းသူငယ်ချင်းများကလည်းအတော်ကိုပင်ဖော်ရွေကြသောလူငယ်လေးများပင်။ တစ်လုံးမိုးလင်းပေါက် ရုပ်ရှင်တွေအကြောင်း၊ Billboard Top10 သီချင်းတွေအကြောင်း ၊အသစ်ဖွင့်တဲ့စားသောက်ဆိုင်တွေအကြောင်း မမောနိုင်ပြောကြရင်းညကိုကုန်ဆုံးခဲ့ကြသည်။ ထိုအချိန်အတွင်းမှာချန်အန်းလည်း ဝိုင်နည်းနည်းသောက်ခဲ့မိသည်။

''ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ချန်အန်း နဖူးနှင့်နားထင်ကိုခပ်နာနာဖိလိုက်သည်။ဒီစကားကြားရတာသူသိပ်တော့သဘောမကျလှပေ။
'' တောင်းပန်ပါတယ်။ အန်ကယ်ချန် ကျွန်တော်ကိုစိတ်ကြိုက်ရိုက်ပါ ကျွန်တော်အရိုက်ခံပါမယ်''

Rebirth of Chen An【Zaw + uni】Where stories live. Discover now