Beginning of book II
အခန်း (၈၈) ကျွန်း
"ခေါင်းဆောင် ဒီမျက်မှန်ထဲမှာလျှို့ ဝှက်ကင်မရာရှိနေတယ်။ ကြည့်ရတာ ဒီမျက်မှန်ကြောင့် မစ္စတာချန်ကို အိုင်ဗန်တွေ့သွားပုံပဲ'' အင်တာပိုရဲတစ်ဦးဖြစ်သည့် Monkey က လက်အိတ်နှင့်မျက်မှန်ကိုင်လျှက် ပလပ်စတစ်အိတ်အကြည်ထဲကထုတ်လိုက်သည်။
တင်းရှန်းဘာမှမပြောဘဲ ထိုမျက်မှန်ကိုသာစူးစူးစိုက်စိုက်ကြည့်နေသည်။ Monkey က သူတို့ခေါင်းဆောင်ကို ပထမဦးအကြိမ်တွေဝေနောင်တမျက်နှာအမူအရာဖြစ်နေတာကို မြင်လိုက်ရတော့ စိတ်ထဲသက်ပြင်းချမိတော့သည်။ ''ခေါင်းဆောင်?''
လွန်ခဲ့တဲ့ရက်အနည်းက သူ့ကိုသတင်းပို့လာတာ အခန်းထဲမှာအိပ်ပျော်နေခဲ့တဲ့ချန်အန်းက အငွေ့ပြန်သလိုပျောက်သွားတယ်ဆိုပြီး။
တင်းရှန်းလည်းတပ်ဖြန့်ပြီးရှာခိုင်းပေမယ့် ခြေတစ်လှမ်းနောက်ကျပြီး ဘယ်မှာမှရှာမရဖြစ်သွားတယ်။ အခုလို သဲလွန်စအစအနလေးတောင်မကျန်ပဲ ချန်အန်းကိုခေါ်သွားနိုင်တဲ့သူဆိုလို့ အခြေအနေကိုသုံးသပ်ကြည့်ရင် အိုင်ဗန်တစ်ယောက်ပဲရှိတယ်။ ဘာလို့ဆို မနေ့ကပဲ USမှာ ဆေးကုသနေတဲ့အိုင်ဗန်ပျောက်သွားတယ်ဆိုတဲ့သတင်းရခဲ့တယ်လေ။"ငါသာအန်းဘေးမှာ နေခဲ့ရင် သူအခုလိုပျောက်သွားမှာမဟုတ်ဘူး'' လက်သီးကိုတင်းတင်းဆုပ်ပြီး သူအံကြိတ်ထားမိသည်။ သူသာ ချန်အန်းကိုUSခေါ်သွားရင် အခုလိုဖြစ်မှာမဟုတ်ဘူး။
ဒါပေမယ့် အခုမှနောင်တရနေတော့ကော ဘာထူးမှာလဲ။
"သိပ်ပြီးလည်းစိတ်မပူပါနဲ့ ခေါင်းဆောင်။ တကယ်လို့အိုင်ဗန်သာလက်တုန့်ပြန်ချင်တယ်ဆိုရင် မစ္စတာချန် ကို တိုက်ရိုက်သတ်ပစ်လို့ရတာပဲ အခုလိုဂရုတစိုက်ဘယ်ခေါ်သွားပါ့မလဲ။ မစ္စတာချန် အန္တရာယ် မရှိလောက်ပါဘူး''
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...