အခန်း (၁၀၁) ဘယ်သူ့အတွက်လဲ
သစ်သားဂိုထောင်လေးအပြင်မှကောင်းကင်ကြီးသည် မှိုင်းဝေနေ၏။ အညိုရောင်တိမ်တိုက်များကြား အပြာရောင်မိုးသားပင်မမြင်ရ မိုးဖွဲလေးများကအဆက်မပြတ်ဆင်းကျနေပြီး အမျိုးသားနှစ်ဦးက တံမြိတ်စက်အောက်တွင်ရပ်နေသည်။
အိုးရန်ပိုင်ရှားကသူ့နံဘေးမှအေးစက်စက်အမျိုးသားကိုလှည့်ကြည့်လိုက်သည်။ အမြဲတစေတည်ညိမ်နေသည့်သူ့မျက်ဝန်းညိုများက ဒီတစ်ခါမှာတော့အနက်ရှိုင်းဆုံးနေရာကခံစားချက်များရောယှက်နေသယောင် ''မင်းမြင်တဲ့အတိုင်းပဲ မင်းနဲ့အိုင်ဗန်ကြားဘာပြသာနာတွေရှိနေပါစေ အခုလောလောဆယ် အိုင်ဗန်နဲ့မင်းသားဟခ့်ျကြားက ပြသာနာကမဖြေရှင်းရသေးဘူး။ ဒါကြောင့်သူ့ကိုတော့မင်းလက်ထဲမထည့်ပေးနိုင်ဘူး''
အသံကမပြောင်းလဲဘူးထင်ရသော်လည်း အိုင်ဗန်နှင့်စကားပြောတုန်းကထက်ပိုနူးညံ့နေမှန်း သေချာနားထောင်ကြည့်လျှင်ခံစားမိနိုင်သည်။
"ကောင်းပြီလေ'' လေကိုအင်မတန်ချွေတာသည့် လုဖုန်းမှာရှည်ရှည်ဝေးဝေးပြန်မဖြေ မိုးရေကြောင့်စိုစွတ်နေသည့်မြေပြင်ကိုသာ ငုံ့ကြည့်နေ၏။ မျက်ဝန်းများကရေသေနှယ် မည်သည့်ခံစားချက်များကိန်းအောင်းနေသလဲ မသိမမြင်နိုင်။
အိုးရန်ပိုင်ရှား ၏မျက်ခုံးအနည်းငယ်တွန့်သွားပြီး လေသံကအနည်းငယ်မြန်သွားသည်။ ''မင်းအိုင်ဗန်ကြောင့်လာခဲ့တာမဟုတ်ဘူးလား''
အနည်းငယ်မှေးကျဉ်းသွားသည့် လုဖုန်းမျက်ဝန်းများက ထိုအမေး၏အဖြေကိုဖြေလိုက်ပြီးသလို အိုးရန်ပိုင်ရှား နားလည်လိုက်သည်။ အိုင်ဗန်အတွက်မဟုတ်ရင် ဘယ်သူ့အတွက်လဲ။ ရုတ်တရပ် အိုင်ဗန်နံဘေးမှာထိုလူစိမ်းကို အိုးရန်ပိုင်ရှား သတိရမိသွားသည်။
ВЫ ЧИТАЕТЕ
Rebirth of Chen An【Zaw + uni】
Любовные романыလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
