အခန်း (၁၂၈) သရုပ်မှန်ကိုဖွင့်ချလိုက်ပြီ။
Red Fox သမီး၏လက်ရှိလိပ်စာကိုသိရသည်နှင့်တပြိုင်နက် ချန်ယန်း ချန်အန်းအခန်းဆီပြေးသွားလိုက်သည်။ တံခါးကိုသုံးလေးခါခေါက်ကြည့်သော်လည်းပြန်ထူးသံမကြားရတာနဲ့ ချန်အန်းအခန်းထဲမရှိဘူးအထင်နှင့်တံခါးဖွင့်ကြည့်လိုက်ရာ အိပ်ရာပေါ်တွင်ငူငူကြီးထိုင်နေသည့်ချန်အန်းကိုတွေ့လိုက်ရသည်။
ချန်အန်းကတံခါးနှင့်ဘေးတိုက်အနေအထားထိုင်နေပြီး နဖူးများကအတွေးထဲနစ်မြှုပ်နေသည့်ပုံတွန့်ကွေးနေသည်။ ဘယ်လောက်တောင်မှ သူနဲ့မတူအောင် စိတ်လွတ်ကိုယ်လွတ်ဖြစ်နေသလဲဆိုရင် ချန်ယန်းဝင်လာတာတောင်သူသတိထားမိပုံမရပေ။
'' ဦးလေးအဆင်ပြေရဲ့လား'' ချန်ယန်းကအမြန်ပြေးသွားပြီးချန်အန်းသတိပြန်မဝင်မချင်းခေါ်မေးလိုက်သည်။အတန်ကြာမှအာရုံရသေးပုံမရသည့်ချန်အန်းကသူ့ကိုလှည့်ကြည့်ပြီးအသံတိုးတိုးဖြင့်ပြန်ထူးလိုက်သည်။ ''ချန်ယန်းလား''
''ဟုတ် ကျတော်ပါ။ဦးလေးဘာဖြစ်နေတာလဲ'' အစောကတောင်အကောင်းကြီးရှိနေတဲ့သူကရုတ်တရပ်ကြီးဘာများဖြစ်သွားပါလိမ့်ဟုတွေးကာ ချန်ယန်း ချန်အန်းလက်တွေကိုဆုပ်ကိုင်ထားလိုက်သည်။
''ဘာမှမဖြစ်ပါဘူး'' ချန်အန်းကပြန်ဖြေလိုက်သော်လည်း စိတ်တို့ကတစ်စုတည်းဖြစ်နေပုံမရသေးပေ။
''ဦးလေး ကျတော့်ကိုယုံလား။''
ချန်ယန်းရဲ့အမေးကချန်အန်းရဲ့ငိုင်မြည်းခြင်းကိုရပ်တန့်သွားစေပြီး သူလက်ကိုဆန့်ကာချန်ယန်း၏ပါးပြင်ကိုပွတ်သပ်လိုက်သည်။ '' ဒါပေါ့''
'' ကျတော်ကတိပေးဖူးတဲ့အတိုင်းပဲ ဘာကိစ္စတွေရှိရှိ ကျတော်ဦးလေးနားမှာပဲအမြန်ရှိနေမယ်။ဘယ်တော့မှသစ္စာမဖောက်ဘူး။ အဲ့ဒီကတိကအခုရောနောင်ရောထာဝရတည်တယ်။'' ခဏရပ်ပြီးနောက်ချန်ယန်းကချန်အန်းဘေးဝင်ထိုင်လိုက်သည်။ '' ဦးလေးအဆင်မပြေတာသိသာနေ တဲ့အခါမျိူးမှာအဆင်ပြေနေသလို ဟန်ဆောင်နေစရာမလိုပါဘူး။ ဒါက.. ကျတော်ကိုမယုံကြည်ဘူးလို့ခံစားရစေတယ်''
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...