အခန်း(၅၅) အိုင်ဗန်၏ masterpieces လက်ရာ
"လုဖုန်း ဆိုတဲ့အရူးကောင်က ဘာဆေးစားမှားလဲမသိဘူး ပူးပေါင်းမှုကိုဆက်မလုပ်ဘူးပြောနေတယ်။ ပြီးတော့ငါ့ကိုလည်း ခွေးရူးလိုကိုက်နေတယ်''
ဆေးလိပ်ငွေ့များကိုဖြည်းညင်းစွာမှုတ်ထုတ်ရင်း အိုင်ဗန်ကနေကာမျက်မှန်တပ်လျှက် ပက်လက်ကုလားထိုင်တွင်လဲလျောင်းရှိ၏။ လက်တစ်ဖက်တွင်တော့ ရွှေရောင်အရည်အပြည့်ခွက်တစ်လုံးကို ကိုင်ထားပြီး ကျူးဘားနိုင်ငံထုတ်စီးကရက်ကိုတော့ ကျန်လက်တစ်ဖက်မှာကိုင်ထားသည်။ တစ်ပြိုင်နက်ထဲမှာပဲ မိန်းမလှအချို့ကသူ့ရဲ့ပုခုံးတွေကို ပွတ်သပ်ရင်း နေလောင်ဒဏ်ခရင်ကို လိမ်းပေးနေသည်။
"အိုး...ပြောရရင်သူကအမြဲတမ်း ရူးနေတာဆိုပေမယ့် အရင်ကအဲ့လောက်မဆိုးဘူး။ ချန်ကျန်းအန်းတောင်သူ့ကို chainမခတ်နိုင်ဘူး။ အခုတော့ ချန်ကျန်းအန်းလည်းသူသတ်လို့သေပြီ'' တကယ်ပဲ လုဖုန်းကိုထိန်းချူပ်နိုင်တာဘာမှမရှိတော့ဘူး။
နေရောင်ဖြာကျနေသည့် အပြာရောင်ရေကူးကန်အတွင်းတွင်ခြေချ ထိုင်နေသည့် ရွှေရောင်ဆံပင်နှင့်အမျိုးသမီးတစ်ဦး က ကန်စပ်တွင် လက်သည်းကိုအရောင်တင်နေ၏။ သူမက ပျော်နေပုံရသည့်အိုင်ဗန်ကို ပြုံးလျှက်ပြောလိုက်၏။
"ဒါပေမယ့် နင်ဘယ်လိုလုပ် လုဖုန်းနဲ့ပူးပေါင်းဖို့တွေးနိုင်ရတာလဲ။ သူကနင်အမြဲတမ်းcrushနေတဲ့ အဖိုးကြီးကိုသတ်လိုက်တယ်မဟုတ်လား''
"ကိတ်ယာရှာ ငါဒီစကားကိုကြားရတာမကြိုက်ဘူး။ 'ဘဝမှာလူသေမမြင်ဖူးတဲ့လူမရှိဘူး'ဆိုတဲ့ တရုတ်ဆိုရိုးစကားရှိတယ် ဆိုပေမယ့် သူက ချန်ကျန်းအန်း သေပြီပဲပြောတာ။ ငါသူ့အလောင်းကိုမမြင်ရဘူး အဲ့တာကြောင့် သူသေမယ်လို့ငါမယုံဘူး'' အိုင်ဗန်က vodka ကိုပါးစပ်အပြည့်ငုံ့လိုက်ပြီး ဆက်ပြောသည်။
ВЫ ЧИТАЕТЕ
Rebirth of Chen An【Zaw + uni】
Любовные романыလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
