အခန်း (၂၃) ရေချိုးခန်းထဲမှာပုန်းနေတဲ့လူ
မူးဝေနေတဲ့ခံစားချက်နဲ့အတူချန်အန်းမျက်လုံးပွင့်လာခဲ့သည်။ အရမ်းမှောင်နေပေမယ့် ဒီနေရာကသူ့ အခန်းမဟုတ်ဘူးဆိုတာတော့သူပြောနိုင်သေးသည်။ VIP မဟုတ်ရင်သဘောင်္ထဲမှာဒီလောက်ကျယ်တဲ့အခန်းရှိမလား။
ချန်အန်းခေါင်းထဲတွင်တရိပ်ရိပ်နှင့်မူးနှောက်နေသေးသည်။
သက်ပြင်းရှည်တစ်ခုချပြီးအိပ်ရာကထလိုက်သည်။အိုင်ဗန်နဲ့အတူသောက်ခဲ့တဲ့အချိန်ကိုပြန်တွေးကြည့်တော့ ရှက်စရာကောင်းတာကတကယ်ပဲ သူတစ်ခွက်ထဲနဲ့မှောက်သွားခဲ့တာပဲ။ဆေးခတ်ခံရတာများလား? ဒါပေမယ့်အိုင်ဗန်ကသူ့ကိုဆေးခတ်စရာအကြောင်းလည်းမရှိပါဘူး။
ခန္ဓာကိုယ်ကစေးကပ်ကပ်ဖြစ်နေတယ်လို့ခံစားလာရတာနဲ့ ချန်အန်းရှပ်အင်္ကျီကြယ်နှစ်လုံးလောက်ကိုဖြုတ်လိုက်သည်။ သူအခန်းမီးဖွင့်မလိုပဲရှိသေးအရိပ်တစ်ခုကအခန်းထဲကိုဝင်ရောက်လာသည်ကိုမြင်လိုက်သည်။ သူ့ရဲ့အရက်ဒဏ်ခံနိုင်မှုကဆိုးရွားသွားပေမယ့်လည်း သတ္တိကြီးတဲ့အကျင့်ကတော့ပျောက်မသွားသေးဘူး။ ချန်အန်းတစ်ဖက်လူကိုကန်ဖို့ကြိုးစားလိုက်ပေမယ့် ထိုလူကသူ့ထက်ပိုလျင်နေသည်။ သူ့ကန်ချက်ကိုကာပြီးနောက်ကိုဖိချလိုက်သည်။ လေးလံသည့်ခန္ဓာကိုယ်ကချန်အန်းကိုယ်ပေါ်ကိုဖိထားပြီး အိပ်ရာနှင့်ကပ်နေစေသည်။ ထို့နောက် ထိုလူကသူ့လည်ဂုတ်ကိုရိုက်ရန်ပြင်လိုက်သည်။
လေဝင်ပြတင်းမှလရောင်ကအခန်းတွင်းသို့ဝင်ရောက်နေသည့်အတွက် ချန်အန်း ထိုလူ၏မျက်နှာကိုမြင်လိုက်ရသည်။"တင်းရှန်း?''
ချန်အန်း၏ဦးနှောက်တို့ကစတင်တွေးတောလှုပ်ရှားလာတော့သည်။ ဆိုတော့ ဒါအိုင်ဗန်ကိုလာလုပ်ကြံတဲ့လုပ်ကြံသူမဟုတ်ပဲ ရဲတစ်ယောက်ပေါ့။
တင်းရှန်လည်း ချန်အန်းနိုင်ငံခြားကိုအပန်းဖြေခရီးသွားတယ်လို့သိထားပေမယ့် အခုလိုဗီယမ်နမ်မှာ အခုလိုအခြေအနေမျိုးနဲ့တွေ့ရမယ်လို့မထင်ခဲ့ဘူး။
VOUS LISEZ
Rebirth of Chen An【Zaw + uni】
Roman d'amourလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...