အခန်း(၂၈) တင်းရှန်း၏သရုပ်​မှန်

12.3K 1.7K 19
                                    

အခန်း(၂၈) တင်းရှန်း၏သရုပ်​မှန်

"မင်းငါ့ကို​နောက်​​နေတာလား?'' ချန်​အန်း၏မျက်​လုံးတို့ကအရူးသဖွယ်​ဖြစ်​​နေသည်​ကိုအိုင်​ဗန်​မြင်​​တော့ သူပြုံးပြီးထပ်​​ပြောလိုက်​သည်​။ ''ကိုယ်​မင်းကိုပိုက်​ဆံ​ပေးနိုင်​တယ်​။ဒီသ​ဘောင်္တစ်​စင်းလုံးကို​တောင်​ဝယ်​ပစ်​လို့ရတဲ့ပိုက်​ဆံပမာဏထိ။မင်းသိလား ဒီလိုအခွင့်​​ရေး​ကောင်းမျိုးကမင်း​နေ့တိုင်းရနိုင်​တာမဟုတ်​ဘူး​နော်​။ မင်းကိုယ့်​ရဲ့ရက်​​ရောမှုအတွက်​​ကျေးဇူး​တောင်​တင်​သင့်​တယ်​''

"မင်းဖက်​က​ပေးရမှာကနည်းနည်း​လေး​နော်​ပြန်​ရမှာကမင်းတစ်​ဘဝလုံး​ပြောင်းလဲသွားနိုင်​တယ်​။နောက်​ပြီးမင်းမနစ်​နာပါဘူး ကိုယ်​ကရုပ်​​ချောတဲ့အပြင်​ ​ယောက်ျား​ကောင်းတစ်​​ယောက်​​လေ။ မတုံးစမ်းပါနဲ့''

ဒီလိုစကားမျိုးကိုအခြားသူ​တွေ​ရှေ့သွား​ပြောရင်​​ကြွေ​ကောင်း​ကြွေနိုင်​​ပေမယ့်​ ချန်​အန်းက​တော့အခြားလူ​တွေနဲ့လာယှဉ်​လို့ရတဲ့လူစားမှမဟုတ်​ပဲ။

"ကျူပ်​​နောက်​တစ်​ခါထပ်​​ပြောမယ်​ အခန်းထဲကထွက်​သွား!''
ချန်​အန်းသူ၏ပုံမှန်​သံကိုဖိ၍​ပြောလိုက်​ခြင်းဖြစ်​သည်​။ သို့​ပေမယ့်​မျက်​လုံးအကြည့်​တို့ကစူးရှ​နေပြီး မမြင်​နိုင်​သည့်​အရှိန်​အဝါတစ်​မျိုးကိုလွှမ်းခြုံထားသည်​။ ​ဖော်​ပြဖို့ခက်​ခဲတဲ့ ထည်​ဝါတဲ့အရှိန်​နဲ့အပြုအမူ​ကြောင့်​ အိုင်​ဗန်​​ခေါင်းကို​ရေး​အေး​အေးနဲ့​လောင်းချခံလိုက်​ရသလိုခံစားလိုက်​ရသည်​။

"မင်းကတကယ်​ကိုချစ်​စရာမ​ကောင်းဘူး အန်း''
ရွှင်​မြူး​နေသည့်​​ကောင်းကင်​ပြာမျက်​ဝန်းတို့က​ဆောင်းပင်​လယ်​ပြင်​သဖွယ်​​အေးစက်​လာ၏။ ထို့​နောက်​အိုင်​ဗန်​ဘာမှမ​ပြော​တော့ပဲ ချန်​အန်း၏အခန်းထဲမှထွက်​သွား​တော့သည်​။

ချန်​အန်းအခုမှအနည်းငယ်​စိတ်​သက်​သာရသွား​တော့သည်​။အိုင်​ဗန်​ကအခုရူး​နေတဲ့အ​မွှေးထူဝက်​ဝံတစ်​​ကောင်​ဆို​ပေမယ့်​ ဒီ​နေ့အ​ခြေအ​နေကိုဒီလိုနဲ့ပဲအဆုံးသတ်​လိုက်​တဲ့ပုံစံကိုကြည့်​ရင်​ သူဟာလည်း​တွေး​ခေါ်တတ်​တဲ့ဥာဏ်​ရှိသူတစ်​​ယောက်​လို့ဆိုနိုင်​တယ်​။သူ့လိုလူတစ်​​ယောက်​အတွက်​နဲ့အိုင်​ဗန်​ကိုယ့်​ကိုယ့်​ကိုယ်​ကို ပြသာနာဖြစ်​​အောင်​ဒီသ​ဘောင်္ထဲမှာ​တော့မလုပ်​နိုင်​ပါဘူး။

Rebirth of Chen An【Zaw + uni】Where stories live. Discover now