[လက်နက်ရောင်းခြင်းအခြေခံစည်းမျဉ်း- မင်းရောင်းလိုက်တဲ့လက်နက် နဲ့ ပြန်အသတ်မခံရပါစေနဲ့]
ဆားငန်ရည်ရနံ့သင်းနေတဲ့လေပြေအေးဟာပင်လယ်ပြာကိုဖြတ်သန်းပြီး အမျိုးသားတစ်ဦးရဲ့ဖရိုဖရဲဆံပင်တွေကိုပွတ်တိုက်ဖြတ်သန်းသွားကြ၏။
ချန်ကျန်းအန်း ပါးစပ်ထဲမှအနံပြင်းသောမြူငွေ့ဖြူကို ထိုပင်လယ်လေထဲသို့အကုန်အစင်မှုတ်ထုတ်လိုက်သည်။ စီးကရက်ကိုလက်ညှိုးလက်မကြားအသာညှပ်ပြီး နဖူးပေါ်ခပ်ဖွာဖွာဆံပင်တွေကိုသူသပ်တင်လိုက်တယ်။ ဝါရံတာမှာထိုင်ရင်း တပြေးတည်းသော ကောင်းကင်နဲ့ပင်လယ်ပြင်ကိုသူတိတ်ဆိတ်စွာထိုင်ကြည့်နေသည်။ ရွှေရောင်နေခြည်က ပင်လယ်ရေကိုစိန်ပွင့်များလိုဖြိုးဖြိုးဖျတ်ဖျတ်လက်စေလေရဲ့။ ဇင်ယော်ငှက်တွေရဲ့အဖြူရောင်ကိုယ်ထည်ကိုအပြာရောင်ပိတ်ကားကပံ့ပိုးထားလေရာ....ရင်သက်ရှုမောဖွယ်လှပလွန်းပေသည်။
သူအနားမယူခင်ကာလက ဒီလိုမြင်ကွင်းကိုအနားယူပြီးလျှင်မြင်ချင်ခဲ့ဖူးသည်။ ဒီလိုမြင်ကွင်းမျိုးကို သူ့ဆံတွေဖြူနေတဲ့အချိန်မျိုးမှာခံစားဖို့ပေါ့ အခုလို လေးဆယ်သာသာအသက်အရွယ်မှာမဟုတ်ဘူး။ ပြီးတော့ လက်နဲ့ခြေမှာ သံချိန်းကြိုးတွေမပါပဲနဲ့ပေါ့။
မြင်နိုင်ရတဲ့အကွာအဝေးလောက်မှာ ရေယာဉ်ပျံတစ်စီးဟာ ကောင်းကင်ပြာပေါ်မှာပေါ်ထွက်လာတယ်။ ရေယာဉ်ပျံထဲမှာဘယ်သူရှိနေမလဲ ချန်ကျန်းအန်းသေချာပေါက်သိပါတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်ကသူမွေးစားခဲ့တဲ့လူ။
သူယုံကြည်ပြီးမှီခိုအားထားခဲ့ရတဲ့ အမွေဆက်ခံသူ။
သစ္စာဖောက်ဆိုတဲ့အမည်နဲ့ သူ့ကိုဆယ်နှစ်အကြာမှာ ဒီကျွန်းငယ်လေးဆီလာရောက်အကျဉ်းချထားခဲ့တဲ့သူ။
လွန်ခဲ့တဲ့ဆယ်နှစ်ကဆုံးရှုံးခဲ့ရတဲ့သွေးရင်းခြာညီငယ်တဲ့ရုပ်ချင်းဆင်တဲ့လူ။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...