အခန်း(၅၄) ဖြေဆေးမရှိတဲ့အဆိပ် /ဦးလေး ကျွန်တော့်ကိုထားမသွားပါနဲ့။
ချန်ယန်း ကတုံးအတယ်လို့ထင်လား။ သူသာတုံးမယ်ဆိုရင် သူ့မြို့မှာ ရှန်ဟိုင်းတက္ကသိုလ်ဝင်ခွင့်ရတဲ့ တစ်ဦးတည်းသောသူဖြစ်ခဲ့မှာမဟုတ်ဘူး။ သူသာတုံးမယ်ဆိုရင် ချန်အန်းသင်ပေးသမျှအားလုံးကို နှစ်ဝက်အတွင်းတတ်မြောက်သွားမှာမဟုတ်ဘူး။ လူခြောက်ယောက်သတ်အပြီးမှာ ချန်အန်းရဲ့စိုးရိမ်မှုတစ်စွန်းတစကို သူသတိမထားမိပဲမနေဘူး။
သူနဲ့ချန်အန်း က ဆေးရုံမှာအချိန်အနည်းငယ်ပဲရှိနေခဲ့တုန်းက ဒီလူနဲ့သူ့ကြားမှာ မမြင်ရတဲ့နံရံတစ်ချပ်ခြားနေခဲ့တယ်။ ချန်အန်းစိတ်ထဲ ဘာတွေတွေးနေမှန်း သူမသိနိုင်ခဲ့ဘူး။
ဒါပေမယ့်လို့ ချန်ယန်းခံစားရတယ်။ ဦးလေးတစ်ယောက်အနေနဲ့ သူ့ကိုအမွေလက်ဆင့်ကမ်းနေတယ်ဆိုတာသူသိတယ်။ ဒါပေမယ့် ဒါက ချန်အန်းသူ့ရဲ့နှလုံးသားကို သူဝင်လာဖို့ဖွင့်ပေးလိုက်တာတော့မဟုတ်ဘူး။ ချန်အန်းမှာ လျှိုဝှက်ချက်အများရှိနေတာ သူသိတယ်။
သူ့ လျှို ဝှက်ချက်က ဆေးရုံကဆင်းပြီး ဘာကြောင့်အခုလိုပြောင်းလဲသွားတယ်ဆိုတာ ၊ ရုတ်တရပ်ဘာကြောင့် ဘာသာစကားတွေအများကြီးကျွမ်းကျင်သွားတယ်ဆိုတာ၊ ပြီးတော့ ဘာလို့သူတို့အခုလို ရဲရဲတင်းတင်းလက်နက်အရောင်းအဝယ်လုပ်နေရသလဲဆိုတာတွေ နဲ့သက်ဆိုင်လိမ့်မယ်။
အခု ချန်အန်းက တကယ်ပဲသူ့ဦးလေးလား။ ချန်ယန်း ဒီအကြောင်းကို သံသယဖြစ်ရမယ်ဆိုပေမယ့် သူဂရုမစိုက်ဘူး။
ဆီးရီးယားက သူတို့တည်းမယ့်ဟိုတယ်ကိုရောက်တော့ ဝမ်ဟောင်က အလွန်အမင်းစိတ်ထောင်းကိုယ်ကြေဖြစ်ပြီး သူခေါ်လာတဲ့ယူကရိန်းသူတွေနဲ့ အခန်းပိတ်နေသည်။
ချန်ယန်း ၊ ချန်အန်းနောက်လိုက်ရင်း အခန်းသို့ရောက်လာတော့ ချန်အန်းစကားစပြောချိန်ထိ သူမစောင့်နိုင်ပဲ အိပ်ရာစွန်းမှာထိုင်ပြီး စတင်တုန်ရီလာသည်။ သူ့ရဲ့တောက်ပပြီး အကူအကယ်မဲ့နေသည့်မျက်လုံးတို့က ချန်အန်းကိုငေးကြည့်နေပြီး သူ့နှုတ်ခမ်းတို့တုန်ရီနေသည်။ ထိုနှုတ်ခမ်းတို့မှ အသံတစ်ခုသာထွက်ကျလာသည်။
ESTÁS LEYENDO
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...