အခန်း (၁၆၉) မင်းနဲ့အတူထာဝရနေဖို့
ချန်အန်းကကိုယ်ကသိပ်လေးတာတော့မဟုတ်။ နည်းနည်းဝိတ်တက်လာပေမယ့် အိုင်ဗန်အသာလေးပွေ့ချီလို့ရသေးသည်။ ပြသာနာကတော့ ချန်အန်းဟာအရင်လိုသူ့ရင်ခွင်ထဲမှာ အသာတကြည်ငြိမ်မနေဘဲ ကြောင်ရိုင်းတစ်ကောင်လိုလက်ကိုတွေ့ကရာကုပ်ဆွဲနေခြင်းပင်။
'' ပျော်လို့ဝသွားတော့ သွေးအေးသွားပြီပေါ့လေ'' ဖြန်းဆိုသည့်အသံကျယ်ကြီးက အိုင်ဗန့်ညာဘက်ပါးမှာထွက်လာသည်။
'' မျက်နှာကိုမရိုက်ပါနဲ့ဆို ဒီမြေခွေးအိုကြီးကတော့။ မင်းဒီလိုဆက်လုပ်နေရင်ငါထားခဲ့မှာနော်'' ချန်အန်းကိုယ်ချီပြီးကားပါကင်ရှိရာကိုပြန်လာစဥ် စပ်စုပြီးလေချွန်နေကြသည့် ပွဲကြည့်များကြောင့်အိုင်ဗန်တယောက်ယောက်ပြေးတီးချင်စိတ်များဖြစ်လာသည်။
'' ငါ့ကိုလည်းအော်သေးတယ်!" နောက်ရိုက်ချက်တစ်ချက်ကအိုင်ဗန်ညာဘက်ပါးကျလာပြန်သည်။ ပြုသူချန်အန်းမှာတော့ သောက်ထားလို့ထင် အိုင်ဗန်ကိုနှစ်ချက်ရိုက်ပြီး သူ့ဘာသူမောနေသည်။ သည်လိုနှင့်ဒေါသအိုးကြောင်ရိုင်းကြီးမှာ အိုင်ဗန်လက်မောင်းပေါ်တွင်ငြိမ်ငြိမ်လေးခွေကျသွားသည်။
အိုင်ဗန်မှာတော့ချန်အန်းငြိမ်ကျမှုမှအနည်းငယ်တုန်လှုပ်သွားသည်။ ကားနောက်ခန်းကိုမြန်မြန်ဖွင့်တံခါးကိုဆောင့်ပိတ်ပြီး ချန်အန်းကိုကားဆိုဖာပေါ်အသာလေးချလိုက်သည်။ '' ဘေဘီ အဆင်ပြေရဲ့လား''
ချန်အန်းတိတ်ဆိတ်သွားတိုင်း အိုင်ဗန်ဘာကြောင့်ရင်ထိတ်ရသည်ကိုနားမလည်ပါ။ အခုပုံစံချန်အန်းကိုမြင်ရတာက ပင်လယ်ထဲမှာခဏတာဖြတ်သန်းဖူးသည့်အချိန်လေးကိုအမှတ်ရမိစေသည်။ ထိုအချိန်မှာ ဒီလူဟာအပြင်ပန်းမာကြောသလောက် အတွင်းမှာနူးညံ့ပြီး ကာကွယ်ပေးရန်လိုအပ်သူမှန်းအိုင်ဗန်သဘောပေါက်ခဲ့သည်။
ဒီလူသား၏မာကြောသည့်စိတ်ဓာတ်ကိုသူချစ်သည်။ တချိန်တည်းမှာပဲ လုံအောင်ဖုံးကွယ်ထားတတ်သည့်အားနည်းချက်များကိုလည်းမြတ်နိုးသည်။ ဒီယောက်ျားကိုသူမလွန်ဆန်နိုင်ပါ။ ချန်အန်းမျက်လုံးထဲက နာကျင်သည့်အရောင်ဖြင့်ကြည့်တိုင်း ထိုတရားခံမိမိကိုယ်တိုင်ကို အိုင်ဗန်ရိုက်သတ်ချင်မိသည်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...