အခန်း (၁၁၈) ဘယ်သူက သူလျှိူလဲ

9.6K 945 70
                                        

အခန်း(၁၁၈) ဘယ်သူက သူလျှိူလဲ

Red Fox သူမအခုခံစားချက်ကိုအတိအကျမပြောနိုင်ဘူး။ သူမလုဖုန်းနဲ့အတူ အလုပ်လုပ်လာတာ ငါးနှစ်ခြောက်နှစ်လောက်ရှိပြီ။ တစ်ချိန်တည်းမှာပဲ အတွေ့အကြုံမရှိတဲ့လူငယ်လေးကနေ ဩဇာကြွယ်တဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာတဲ့အထိ စောင့်ကြည့်ခဲ့တယ်။ ဒါကြောင့် လုဖုန်း ချန်ကျန်းအန်းအပေါ်ထားတဲ့ခံစားချက်ကို သူကောင်းကောင်းသိတယ်။ လုဖုန်းကချန်ကျန်းအန်းကိုအမှန်တကယ် နက်နက်ရှိုင်းရှိုင်းချစ်နေသူဖြစ်သည်။ ချန်ကျန်းအန်းမရှိတဲ့နောက် လုဖုန်း ကိုယ်အလေးချိန်ရောစိတ်ဓာတ်ပါ တစ်နေ့ထက်တစ်နေ့ကျလာတာကို သူမဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။

တကယ်လို့များ သူမတတ်နိုင်ပါရင် လုဖုန်းရဲ့အတိတ်ကိုမေ့အောင်လုပ်ပေးဖို့တစ်စုံတစ်ယောက်လောက်သူမရှာပေးလိုက်ချင်ပါရဲ့။ အခြားတစ်ဖက်မှာလည်း ချန်ကျန်းအန်းရဲ့နောက်လိုက်တစ်ယောက်အနေနဲ့ ချန်ကျန်းအန်းအပေါ်ထားတဲ့လုဖုန်းရဲ့ခံစားချက်ကိုထာဝရမြဲနေစေချင်ပြန်တယ်။ အခုလို ရုတ်တရက်အမျိူးသားတစ်ဦးက လုဖုန်းကို သူ့ရဲ့ ရှူးဂါးဒယ်ဒီလို့ပြောလိုက်တော့ ဘယ်နဲ့မအံ့ဩဘဲနေရပါ့မလဲ။ သူမရဲ့အတွေးတွေဝိရောဓိဖြစ်၍ရှုပ်ထွေးကုန်သည်။ ဒါပေမယ့်လည်းသိပ်မကြာလိုက် ချန်အန်းရဲ့စကားက သူမအာရုံကို တစ်ဖန်ပြန်ဆွဲယူလိုက်သည်။

'' အရှေ့တိုင်းအဖွဲ့အစည်း ခေါင်းဆောင် အဲရဖက်က ဒီတစ်ခါ LA ကို မလာဘူးလား ''

ချန်အန်းကဘယ်လိုလုပ် အရှေ့တိုင်းအဖွဲ့အစည်းဝန်ကြီးသိနေရတာလဲ။ ဒီအသိုင်းအဝိုင်းထဲကလူတစ်ချိူ့လောက်ပဲ အရှေ့တိုင်းဌာနခွဲကိုဦးစီးတဲ့သူဘယ်သူဆိုတာသိချင်သိလိမ့်မယ်။ ဒါပေမယ့် လုဖုန်းအတွက်တော့ ချန်အန်းဆိုတာ ဒီနယ်မြေထဲကံချွတ်ချော်လို့ခြေကျွံမိတဲ့ သာမန် အပြစ်မဲ့ပြည်သူတစ်ယောက်ပဲ။

လုဖုန်းက မျက်မှောင်အနည်းငယ် ကြုတ်ကာမေးလိုက်သည်။ '' ခင်များ အဲရဖက် ကို သိတယ်ပေါ့? ''

''အဲရဖက်ကို သိရုံတင်ဘယ်ကမလဲ ။ သူကလည်း တောင်ပိုင်းဌာနရဲ့ဦးစီးမှုဆိုတာပါသိတယ်။ အရှေ့တောင်အာရှနဲ့တောင်အာရှဖက် မှာ ကူးသန်းလက်နက်ရောင်းဝယ်မှုကြောင့် သူ့ရဲ့နာမည်ပြောင် Red Fox က ကျော်ကြားတယ်လေ။ '' ချန်အန်းက သူ့နံဘေးက အမျိူးသမီးကိုပြုံး၍ကြည့်လိုက်သည်။

Rebirth of Chen An【Zaw + uni】Donde viven las historias. Descúbrelo ahora