အခန်း(၇၂) မြူဆိုင်းနေသောမြင်ကွင်းများ
မျက်မှန်တစ်လက်လောက်အတွက်က အိုင်ဗန်လက်တစ်ချောင်းကွေးလိုက်ရုံနဲ့တင် အဆင်သင့်အသစ်တစ်လက်ယူလာပေးမယ့်လူရှိပြီးသား။ ဒါပေမယ့် ဘာကြံစည်နေမှန်းမသိ အပြင်မှာမျက်မှန်အသစ်လုပ်ဖို့မှာလိုက်တာ နာရီဝက်လောက်ကြာပြီ။
အဲ့တာကြောင့် ချန်အန်းတစ်ယောက်မြူမှုန်တွေကြားမှာထိုင်ရင်း စင်ပေါ်ကဝေဝေဝါးဝါးကပြသူတွေကိုကြည့်နေရသည်။ စင်ပေါ်မှာဖျော်ဖြေနေသူများက ဘာကိုဖျော်ဖြေနေသလဲ ယောက်ျားတွေလား မိန်းမတွေလားသူမသိ။
VIPခန်းထဲကကာစီနိုမှာတော့ လုဖုန်းလက်မတင်လေးအနိုင်ပိုင်းခံလိုက်ရသည်။ ဒီကောင်လေးသူ့ကိုသတ်ဖို့ကြွေးကြော်ထားပေမယ့် ဒီညတော့သူအေးချမ်းပါတယ်။ ဘာလို့ဆို လုဖုန်းဆိုတာ သူဒီညမသတ်ဘူးလို့ပြောထားရင် ဒီညလုံးဝသတ်မယ့်သူမဟုတ်လို့ပဲ။
လုဖုန်းသူ့ကိုဘာကြောင့်သတ်ချင်ရလည်းသူမသိပေမယ့် သူ့ကိုသတ်နိုင်တာသူသိတယ်။ ဒါပေမယ့်ဘာကြောင့်သတ်ချင်ရတာလဲ။ သူ့လက်နဲ့ဆယ်နှစ်ကျော်မွေးခဲ့တဲ့ ဒီကလေးကိုသူနားလည်သလိုလိုနဲ့ အမှန်တကယ်မှာတော့ သူ့အထင်များကခန့်မှန်းချက်ကများသည်။
"မင်းကကြာကြာကြည့်လေ တူလေပဲ'' vodka ကိုသောက်နေတဲ့ အိုင်ဗန်က သက်ပြင်းတစ်ချက်ချရင်းပြောသည်။
"ဘာနဲ့တူတာလဲ'' ချန်အန်းက ပျင်းရိနေဟန်နှင့် အိုင်ဗန်ရှိရာလှည့်၍မေးလိုက်သည်။ တကယ်က သူယူရီနဲ့ဘယ်လိုဆက်သွယ်ပြီး ပစ္စည်းတွေကိုဘယ်လိုပို့ရမလဲစဉ်းစားနေတာ။ သူ့မှာပို့စရာယာဉ်ကမရှိတော့ဘူး လေယာဉ်လိုမျိုးပေါ့။
ညနေတုန်းက အိုင်ဗန်နဲ့လုဖုန်းဆီကငွေတွေအများကြီးနိုင်ခဲ့တယ်ဆိုပေမယ့် လေယာဉ်တစ်စီးဝယ်ဖို့က အဲ့ငွေလောက်နဲ့မျက်စောင်းတောင်ထိုးလို့မရသေးဘူး။ သူ့ အရင်ပိုင်ဆိုင်မှုတွေကထုတ်ပြီး လေယာဉ်ဝယ်ဖို့လည်းသုံးလို့မဖြစ်ဘူး။ ငွေပမာဏအများကြီးက လုဖုန်းရဲ့အာရုံကိုဆွမိသွားနိုင်တယ်။ဒါကြောင့် အိုင်ဗန်ကိုအကာအကွယ်ယူပြီး လှုပ်ရှားရမည်။
ВЫ ЧИТАЕТЕ
Rebirth of Chen An【Zaw + uni】
Любовные романыလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
