Side story အပိုင်း (၁) လုဖုန်း
(သစ္စာရှိခွေး)
" ကျတော့်အကြံပေးချင်တာကတော့ မစ္စတာချန်အနေနဲ့သုံးလလောက်အနားယူသင့်တယ်။''
"ကျေးဇူးပါ ဒေါက်တာ''
အသက်လေးဆယ်ဝန်းကျင်ဆရာဝန်တစ်ဦးမှ ဆေးရုံ အခန်းထဲရှိလူငယ်လေးကိုပြောနေခြင်းဖြစ်သည်။ ထိုလူငယ်လေးမှာ တစ်ချက်မျှကြည့်ရုံဖြင့် 'ချောလိုက်တာ' ဟုရေရွတ်မိနိုင်သောရုပ်ရည်ရှိသော်လည်း အေးစက်၍အမူအရာကင်းမဲ့သောမျက်နှာတည်တည်က သူနဲ့အခြားလူများကြားတံတိုင်းတစ်ခုအလိုလိုကာထားသည်ကိုခံစားမိနိုင်သည်။
ချန်ကျန်းအန်းသည် လဲလျောင်းလျက် အခန်းထောင့်မှအသံများကိုနားစွင့်နေပြီး နှုတ်ခမ်းတွန့်ရုံပြုံးကာ မျက်လုံးများမှိတ်ထားလေသည်။
ကျန်းလဲ့ရေ..အစ်ကိုတော့မင်းကိုလာတွေ့ရတော့မယ်။
လွန်လဲ့သည့်နှစ်ရက်က ပုံမှန်အစည်းအဝေးတစ်ခုတွင် ချန်ကျန်းအန်းရုတ်တရက်မေ့လဲသွားခြင်းက ညီနောင်များအဖွဲ့၏ အထက်လူကြီးများကြားရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ သတင်းအလျှင်အမြန်ဖုံးလိုက်သော်လည်း သိနှင့်ပြီးသားလူများကြားမှာတော့ မြေခွေးကြီး၏တနေ့တခြားကျန်းမာရေးဆုတ်ယုတ်မှုအပေါ်စိုးရိမ်နေကြသည်။ အကယ်၍သူသာတစ်ခုခုဖြစ်သွားခဲ့ပါလျှင် မည်သူကသူ့နေရာဆက်ခံမည်နည်း သူ့လက်ရုံးလုဖုန်းပေလား။
လုဖုန်းသည် ချန်ကျန်းအန်းအာဖရိက လမ်းနံဘေးမှကောက်လာသည့် မိဘကလေးဖြစ်သည်။
အလုပ်ကိစ္စဖြင့်အာဖရိကသို့ရောက်လာကြသည့် လုဖုန်းတို့မိသားစု ပြည်တွင်းစစ်အထိကရုဏ်းကြားညှပ်ပါပြီး မိဘနှစ်ပါးလုံးဆုံးသွားကာ လူမမယ်လုဖုန်းလေးကလမ်းဘေးတွင်ပေတေလေလွင့်ဘဝနှင့်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့က ပိန်းပိန်းမှောင်စွာမိုးထစ်ချူန်းရွာနေသောနေ့ဖြစ်ပြီး တံမြတ်စက်အောက်တွင်မိဘမဲ့ကလေးတစ်ယောက် မိုးမစိုအောင်ကုပ်ကုပ်ကလေးထိုင်နေသည်။သူ၏သွေးများစွန်းနေသောလက်ထဲတွင် မှိုတက်နေသောပေါင်မုန့်တစ်ပိုင်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ ထိုပေါင်မုန့်မှာသူလမ်းဘေးခွေးများဆီကလုယူလာခဲ့ခြင်းဖြစ်သည်။
ထိုကလေးငယ်၏ အင်္ကျီမှာဗွက်များအလိမ်းလိမ်းဖြင့် အဝတ်စာသာသာဖြစ်နေသော်လည်း သူ့မျက်လုံးနှစ်လုံးကမူ အေးစက်စွာတောက်ပလျက် အရိုင်းဆန်သောတောတွင်းသားရဲတစ်ကောင်နှင့်တူလှသည်။ ဖြစ်နိုင်တာက ထိုမျက်ဝန်းတစ်စုံက ဖြတ်သွားသည့်ကားပေါ်ကလိုက်ပါလာသူ ချန်အန်း၏အားရုံကိုဖမ်းစားနိုင်ခဲ့ခြင်းဖြစ်မည်။
KAMU SEDANG MEMBACA
Rebirth of Chen An【Zaw + uni】
Romansaလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
