အခန်း(၈၃) ဖယောင်းမီးရောင်အောက်က
နှင်းဆီနီ? ကြားရတာနဲ့တင်မိန်းမဆန်လိုက်တာ။ ဒါပေမယ့် တင်းရှန်းကိုသတင်းပေးဖို့ အိုင်ဗန်ထွက်သွားမယ့်အခွင့်အရေးကို ရှာတွေ့တာကြောင့်သူ့သက်သက်ပြောလိုက်ခြင်းဖြစ်သည်။ အိုင်ဗန် နှင်းဆီပန်းတွေ တကယ်ခူးလာမလား မခူးလာဘူးလားဆိုတာကတော့ သူစိတ်မဝင်စားဘူး။
ကော်ဖီကို အေးဆေးသောက်ရင်းလက်ပတ်နာရီကိုကြည့်လိုက်တော့ အိုင်ဗန်ထွက်သွားတာ ၁၀မိနစ်လောက်ရှိပြီ။ နေပါအုန်း...အဲ့ဒီဝက်ဝံတကယ်ပဲနှင်းဆီပန်းတွေ ခူးနေတာတော့မဟုတ်ဘူးမှတ်လား??
အသိမပေးပါဘဲနဲ့စားသောက်ဆိုင်တစ်ခုလုံး အမှောင်ကျသွားပြီး မည်သည့်အလင်းရောင်မျှမရှိတော့ပေ။ ချန်အန်းခန္ဓာကိုယ်တောင့်သွားပြီး စားပွဲပေါ်ကအသားလှီးဓားကိုဆုပ်ကိုင်လိုက်သည်။ သူဒူးထောက်ပြီး အခြေအနေကိုစူးစမ်းမလို့ပဲရှိသေး ဖယောင်းမီးယောင်များက တစ်ခုပြီးတစ်ခုလင်းလာသည်။ ထိုမီးရောင်များက ဆိုင်အဝင်ဝဆီသို့တဖြေးဖြေးပြေးသွားပြီး နှင်းဆီပန်းတစ်စည်းကိုကိုင်လျှက်သူ့ဆီတစ်လှမ်းချင်းလျှောက်လာသည့် အမျိုးသားတစ်ဦးကိုသူမြင်လိုက်ရသည်။
ချန်အန်း မျက်ခုံးကိုအသာပင့်ပြီး သူ့ဆီ တက်ကြွစွာတစ်လှမ်းချင်းလျှောက်လာအိုင်ဗန်ကိုကြည့်နေလိုက်သည်။ အိုင်ဗန်တစ်လှမ်းလှမ်းတိုင် လျှောက်လှမ်းနံဘေးက ဖယောင်းမီးတိုင်များလင်းလက်လာပြီး နောက်ဆုံးတစ်ဆိုင်လုံးကြယ်ပင်လယ်သဖွယ်လင်းထိန်လာသည်။
သာယာနာပြောဖွယ်ဂီတသံကလည်းညိမ့်ညောင်းစွာထွက်ပေါ်နေပြီး ပြန့်ကျဲနေသည့်အခြားဧည့်သည်များလည်းမရှိတော့ တစ်ဆိုင်လုံးတွင် သူတို့နှစ်ဦးသာရှိတော့သလိုရှင်းလင်းနေသည်။
"ချစ်သောအန်းအတွက်ရည်စူးပါတယ်'' အိုင်ဗန်ကသူ့ရှေ့မှရပ်ပြီးနောက် ကိုယ်ကိုကိုင်းကာဒူးတစ်ဖက်ထောက်လိုက်ပြီး နှင်းဆီနီနီများကို သူ့ဆီသို့ကမ်းပေးသည်။ လှုပ်ရှားမှုတိုင်းက သိမ်မွေ့စွာဆွဲဆောင်မှုရှိနေသည်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...