အခန်း (၂၇) ပိုက်ဆံအတွက်ကိုယ့်ကိုယ်ကိုမရောင်းနိုင်
ထောင်လိုရင်၊ ရာစွန့်? ဒါမျိုးကလုပ်ဖို့လုံးဝမလိုအပ်တာပဲ။ ချန်အန်းသူ၏မျက်ဝန်းတို့ကိုမှေးကျဉ်းလိုက်သည်။အိုင်ဗန်၏အကြည့်တို့ကမသင်္ကာစရာကောင်းနေပြီး ထိုရေခဲပြာရောင်မျက်ဝန်းအောက်တွင် လေးနက်သည့်တစ်စုံတစ်ခုက ကိန်းအောင်းနေသည်ကိုလည်းချန်အန်းသတိထားမိလိုက်သည်။ အခုလက်ရှိသူ့ရဲ့ဘဝနဲ့အဆင့်အတန်းအရ အိုင်ဗန်လိုလူမျိုးကို ရန်စတာကကောင်းတဲ့အကြံတော့မဟုတ်ဘူး။
"ငါကတော့မင်းကိုငါနဲ့အတူနေဖို့ဆွဲဆောင်နိုင်တယ်လို့မထင်ပါဘူး'' ချန်အန်း သူ့ကိုယ်သူလက်ညှိုးပြန်ထိုးလိုက်ပြီး ''ဒီရုပ်ရည်ဒီရည် ၊braces နဲ့မျက်မှန်နဲ့ ငါကမင်းကိုကြံစည်ရဲပါ့မလား''
ထိုသို့ပြောသော်လည်း ချန်အန်းသည်ဘယ်ဘဝရောက်ရောက်ကိုယ့်ကိုယ်ကိုလျော့တွက်တတ်သည်လူစားမဟုတ်။ ဤစကားများက အိုင်ဗန်နားထောင်ရန်သက်သက်သာပြောခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပဲ သူနည်းနည်းတော့အံ့အားသင့်မိတယ်။ အိုင်ဗန်က သူနဲ့ 'ချန်ကျန်းအန်း' ကိုအနည်းငယ်ဆင်တူတယ်လို့ထင်ရုံနဲ့ချည်းကပ်လာရတဲ့အကြောင်းအရင်းကိုပေါ့။ သူတစ်ခါမှ အိုင်ဗန်သူ့အပေါ်ဒီလို ညစ်ညမ်းတဲ့အတွေးတွေရှိနေလိမ့်မယ်လို့မထင်ခဲ့ဖူးဘူး။ ဒါမှမဟုတ် ဒီအမွှေးထူဝက်ဝံကအစားကောင်းတွေစားတာကြာပြီး အခြားအစာကိုစားချင်စိတ်ဖြစ်လာတာများလား?"အိုး..မင်းမပြောရင် ကိုယ်မင်း bracesတပ်ထားတာမေ့တော့မလို့''
ချန်အန်းသူ့ကို ချူဖို့ကြိုးစားနေလားမနေလားအိုင်ဗန်ဂရုမစိုက်နိုင်တော့။ သူအော်ထုတ်ရင်တောင်အိုင်ဗန်မထွက်သွားနိုင်ပါ။ဟုတ်တယ် လုံးဝထွက်မသွားဘူး။
"ကိုယ်ဒီလိုအခန်းကျဉ်းကျဉ်းလေးထဲမှာမလုပ်ဖူးသေးဘူး။ ဒါပေမယ့်လည်းအဆင်ပြေလောက်မှာပါ''
VOCÊ ESTÁ LENDO
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...