အခန်း(၉၆) ဘော့စ် ရှင်ဖျားနေပြီ
ကိတ်ယာရှာ တစ်ယောက် သူမဘော့စ်ကိုကျွန်း၏ကျောက်ကမ်းပါးတစ်ခုတွင်ရှာတွေ့လိုက်သည်။ လေပြင်းတဟူးဟူးတိုက်နေသောကြောင့် ရွှေရောင်ဆံပင်တွေကနောက်သို့လွင့်နေပြီး အဖြူရောင်လှိုင်းလုံးများက ကျောက်ဆောင်များကိုအရှိန်နှင့်ပြေးရိုက်သည်။
"ဘော့စ် ရှင်အငြင်းခံလိုက်ရလို့ ပင်လယ်ထဲခုန်ချသေတော့မလို့လား?'' ကမ်းပါးထိပ်ရပ်နေသည့် အိုင်ဗန်နောက်ကျောကြည့်ရင်း ကိတ်ယာရှာလက်ပိုက်လျှက် သူကြားအောင်အော်ပြောလိုက်သည်။
အိုင်ဗန် က ကိတ်ယာရှာဖက်ကိုလက်ခလယ်ထောင်ပြီးပြန်လှည့်သွားသည်။ ရူးနေလို့ သတ်သေရမှာလား?
သူချန်အန်းကိုတစ်ညပဲရလိုက်သေးတာ။ အရသာရှိတဲ့အမျိုးသားကဖြည်းဖြည်းချင်းအရသာခံဖို့အတွက် သူ့ကိုစောင့်နေတယ်လေ။ ချန်အန်းရဲ့အငြင်းစကားလေးကြားရတာလောက်နဲ့ ပင်လယ်ထဲခုန်ချရမယ်ဆိုရင် သူရူးနေလို့ပဲနေမှာ။
ဒါပေမယ့် အိုင်ဗန်ဒီမှာရပ်နေတဲ့အကြောင်းအရင်းကချန်အန်းနှင့် အမှန်တကယ်ပတ်သက်နေသည်။ ချန်အန်းသူ့ကိုပြုံးပြီး ပြန်ဖြေလိမ့်မယ်လို့သူတစ်ခါမှမတွေးခဲ့ဖူးဘူး။ 'ဟုတ်တယ် ငါကချန်ကျန်းအန်း' တဲ့။
မြေခွေးအိုကြီးက ဝန်ခံတာအရမ်းမြန်လွန်းလို့ အိုင်ဗန်ကြာကြာတောင်မကစားလိုက်ဘူး။
"ကိတ်ယာရှာ မင်းလူတစ်ယောက်သေပြီးသူ့ဝိညာဉ်က အခြားလူခန္ဓာကိုယ်ထဲဝင်သွားတာမျိုးအယုံကြည်ရှိလား?'' အဲ့ဒီနေ့ကသူနဲ့ချန်အန်းပြောတဲ့စကားတွေကို သူဘယ်သူ့ကိုမှမပြောပြခဲ့ဖူးဘူး။
ဘာလို့ဆို တစ်ယောက်ထဲတွေးတာတောင် တော်တော်မယုံကြည်နိုင်စရာကြီးဖြစ်နေတာ အခြားလူပြောပြဖို့ဆိုမစဉ်းစားနဲ့တော့။
ESTÁS LEYENDO
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...