အခန်း(၇၄) လွှတ်ထွက်သွားသောစိတ်ဝိညာဉ်
လူကုန်တန်များနှင့်မြူးကြွသောဖျော်ဖြေရေးတို့ စုရုံးနေသည့်စားသောက်ဆိုင်ကနေချန်အန်းထွက်လာခဲ့ပြီး ဟိုတယ်၏ sky garden တွင် ကော်ဖီတစ်ခွက်မှာလျှက် တစ်ယောက်ထဲထိုင်ကာ လရောင်ကိုခံစားနေလေသည်။
ပင်လယ်မှဆားငန်လေပြေက ဘေးခွဲထားသည့်သူ့ဆံပင်ကိုရှုပ်ထွေးအောင်ဖြတ်တိုက်သွားသည်မို့ ချန်အန်း သူ့ဆံပင်သူလှန်တင်လိုက်သည်။ မျက်လုံးကဝေဝါးနေပေမယ့် အခြားအားရုံများကတော့ပိုကောင်းလာသည်ထင်။ သူမျက်လုံးကိုမှိတ်ပြီး ညလေပြေတီးတိုးသံနှင့်ရေလှိုင်းသံစဉ်တို့ကိုနားထောင်နေလိုက်သည်။
လင်းရှင်းနေသည့် ဒီလိုညကောင်းကင်အောက်မှာပဲ မာမာထန်ထန်အချင်းများသံကိုသူကြားလိုက်ရသည်။ သူမျက်လုံးဖွင့်ပြီးကြည့်လိုက်တော့ ဥယျာဉ်cafeအဝမှာရပ်နေကြသည့် ဘောဒီဂတ်အချို့ကိုမှုန်ဝါးဝါးမြင်လိုက်ရသည်။ သူတို့ဘာကိုအချင်းများနေလဲ သူမသိ ဒါပေမယ့်လို့လောင်းကုတ်ရှည်ဝတ်ဆင်ထားသည့် လူတစ်ယောက်သူ့ဆီလျှောက်လာသည်ကိုသူ မှုန်ဝါးဝါးမြင်နေရသည်။
ပင်လယ်လေညှင်းကသူ့ကုတ်အင်္ကျီကို အော်ဟစ်တိုးတိုက်နေကြပြီး ညအမှောင်နဲ့အတူချန်အန်းမျက်လုံးတို့ကဝါးနေတာတောင် သူရှိရာလျှောက်လာတဲ့လုဖုန်းဘယ်လောက်တောင်ခန့်ညားနေမလဲသူမှန်းဆမိသည်။
လေကပြင်းထန်စွာတိုက်နေသော်လည်း လုဖုန်းမျက်နှာကတော့အေးစက်စွာတည်ညိမ်နေဆဲပဲ။ ငယ်စဉ်မှအရွယ်ရောက်သည်အထိ လုဖုန်းသည်မရေမတွက်နိုင်သောအမျိုးသမီးတို့၏ အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး အမျိုးသားများပင်သူ့ဆွဲငင်အားမှမရုန်းနိုင်ကြပေ။
အရင်ကလုဖုန်းဘာကြောင့် မိန်းမတစ်ယောက်တစ်လေနဲ့မှမပတ်သက်ရသလဲ သူနားမလည်ခဲ့။ သူဒီ ယုန်ကင်းမြှီးကောက် ကို လောကကြီးကိုထိုင်ကြည့်ဖို့သက်သက်သာ မွေးဖွားလာခဲ့သည်ဟုထင်ခဲ့ဖူးသည်။ သူကအချစ်ကိုမယုံတဲ့သူ ဒါမှမဟုတ် အဲ့ဒီအပိုင်းမှာပြသာနာရှိနေတဲ့သူ ဟုထင်ခဲ့မိသည်။ ဘယ်သူကသိမှာလည်း ဒီ ယုန်ကင်းမြှီးကောက်ကသူ့အသိဥာဏ်သူ ချန်အန်းဆီမှာတိမ်းညွှတ်နေမယ်လို့။ သူတကယ်ကို လုဖုန်းအတွက်ဆရာဝန်တစ်ယောက်ရှာပေးသင့်လား လို့တောင်စိုးရမ်လာပြီ။
ВЫ ЧИТАЕТЕ
Rebirth of Chen An【Zaw + uni】
Любовные романыလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
