အခန်း (၁၇၀) တောင်သူရန်စွယ်

820 105 5
                                    

အခန်း (၁၇၀) တောင်သူရန်စွယ်

အခေါက်ပေါင်းမနည်းညှိနှိုင်းမှုတွေအပြီးမှာနောက်ဆုံးတော့ ချန်အန်းအာဖရိကမှာလယ်မြေတစ်ချိူ့ရလိုက်သည်။ သူတို့ပြိုင်ဘက်ကလက်ရှိပေးတဲ့စျေးထက်ပိုပေးနိုင်ရင် အနိုင်ရမှာမှန်ပေမဲ့လို့ အကျိူးအမြတ်တော့မရနိုင်တာနားလည်ကြသည်။ ကုမ္ပဏီဆိုသည်မှာ အကျိူးအမြတ်ရမည့်အလုပ်ကိုသာလုပ်လိမ့်မည်။ ချန်အန်းလိုပရဟိတလုပ်မှာမဟုတ်ပေ။

ချန်အန်းအနေနဲ့ကသူဒီနေရာကိုစီးပွားရေးလုပ်ဖို့လာခဲ့တာလားဆိုရင် သူ့အနေနဲ့ဘဝကိုငွေရှာဖို့သက်သက်ရှင်သန်စရာမလိုဘူးလေ။ ဒါပေမဲ့သူ့အနေနဲ့အမှန်တိုင်းပြောရရင် စိုက်ပျိူးရေးအကြောင်းကိုသိပ်နားမလည်ပါ။ဒါကြောင့် ပညာရှင်ဆန်ဆန်လုပ်ရမည့်အလုပ်တွေအတွက် ချန်ယန်းကိုလိုအပ်သည်။သူကတော့ ဒီပညာရှင်တွေဘာလုပ်ရမယ်ဆိုတာ အစီအစဥ်ဆွဲပြီး လုပ်ရင်းကိုင်ရင်းသင်ယူသွားမည်။ ဒီလိုနဲ့ နေရင်းထိုင်ရင်းကျောင်းဆရာလုပ်ရတာဝသွားတော့ ခါးထောင်းကျိူက်ပြီးလယ်ထဲဆင်းဖို့ပြင်လိုက်တာပါပဲ။

မိုးဖွဲဖွဲက ပူပြင်းသောမြေပြင်ကိုအစိုဓာတ်ပေးရန်ဖြည်းဖြည်းချင်းဆင်းလျက်ရှိနေသည်။ ဒါဟာချန်အန်းအတွက်တော့ သတင်းကောင်းပင်။ မဟုတ်လျှင်နေပြင်းမှုကြောင့် ကောက်နှံများညှိုးနွမ်းသွားနိုင်သည်။

'' ချန်အန်းကပြန်မလာသေးဘူးလား'' ချန်ယန်းကလက်ထဲကဖုန်းကိုမချနိုင်ဘဲ ပြတင်းပေါက်နားရစ်သီရစ်သီနှင့်အစိုးမရဖြစ်နေသည်။ လယ်ကွင်းလူတွေသတင်းပို့တာကတော့ချန်အန်းကမိုးမရွာခင်ကတည်းက ကားနှင့်ထွက်သွားပြီတဲ့လေ ဒါကိုဘာလို့ဒီလောက်ကြာနေရပါလိမ့်။ ချန်ယန်းကရင်ထဲဗလောင်ဆူစွာ ဖုန်းကိုချလိုက်သည်။ တခဏအကြာမှာတော့ ချန်အန်းကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီး ကားသော့ကိုကောက်ယူလိုက်စဥ်မှာပဲ ဝရံတာအပြင်ဘက်ကစက်ရပ်သံကိုကြားလိုက်ရသည်။

မိုးရေစိုနေသည့်ရှပ်အင်္ကျီလက်များကိုလက်မောင်းထိခေါက်တင်ထားပြီး ဆံပင်များကစိုရွဲရှုပ်ပွကာ ခြေသလုံးထိရှည်သောကြက်ပေါင်ဖိနပ်ကိုဝတ်ဆင်ထားသည့် ရင်းနှီးသော မျှော်လင့်ရသူမြင်ကွင်းထဲရောက်လာမှ ချန်ယန်းရင်ဘတ်ထဲကအလုံးကြီးကျတော့သည်။ ချန်အန်းကတော့ ကားနောက်ကတင်လာသည့် မြေကြီးရောနေသည့်အပင်များကိုသာ စိတ်ဝင်တစား ကြည့်နေသည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now