အခန်း(၈၂) ရိုမန့် တစ် ညစာ
"ဘာလို့လက်မခံရမှာလဲ ။ ဒါမင်းငါ့အပေါ်အကြွေးတင်နေတာပဲကို'' ချန်အန်းလက်စွပ်ဗူးကိုဘေးချပြီး အိုင်ဗန်မျက်နှာကိုထိလိုက်သည်။
"ဒီဘီလီယံဒေါ်လာအကုန်လုံး ငါ့ဘဏ်အကောင့်ထဲရောက်နေတာကိုမြင်ချင်တယ်''
"ဟေး...ကိုယ်နောက်ရက်ထိထပ်စောင့်လို့ကိစ္စမရှိပါဘူး ဒါပေမယ့် မနက်ဖြန်ညတော့.....'' အိုင်ဗန်၏မျက်လုံးတို့က အန္တရာယ်ရှိသောဂရိဒဏ္ဌာရီလာကျားသစ်နက်မျက်ဆန်များနှယ် မီးစုန်းရောင်တောက်နေပြီး ချန်အန်း၏နားသီးကိုစိုစွတ်စွတ် လေပူတစ်ချို့ရှပ်တိုက်သွားသည်။ ''ကိုယ်ဘာလိုချင်လည်း မင်းသိပါတယ်''
စကားလုံးများလေးနက်လေ လိုအင်ဆန္ဒတို့ရဲ့အရိပ်အမြွတ်ပေါ်လေ။
တကယ်လို့ချန်အန်းသာ ငွေတော့လက်ခံပြီး ခြေတော့မကားပေးဘူးဆိုရင် အခုနေလူကြီးလူကောင်းဟန်ဆောင်နေတဲ့ အိုင်ဗန်ဟာစိတ်ဆိုးပြီး ရက်စက်ပြပါလိမ့်မည်။
ချန်အန်းကအိုင်ဗန်ရဲ့သည်းခံစိတ်ကို စိတ်ခေါ်ထားခဲ့ပေမယ့်လို့ သူအများကြီးမကစားရသေးဘူး။ ဘာကြောင့်ဆို သူဟာအိုင်ဗန်ကိုရင်းနှီးပြီး ဒီကောင်လေးရဲ့စိတ်နေသဘောထားကိုနားလည်တာကြောင့်ပဲ။
မီးနဲ့ကစားတာကအိုင်ဗန်ရဲ့လွတ်လပ်ခွင့်ပဲ။ သူ့ရဲ့သိချင်စိတ်နဲ့အသာပြင်းပြမှုက သူ့ကိုမီးရဲ့ယဇ်ကောင်ဖြစ်စေလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီမီးကသူ့ကိုမဝါးမြိုခင် ချန်အန်းကသူ့ကိုမီးပုံထဲအရင်တွန်းချပစ်လိုက်မည်။
"ကိုယ်နဲ့ အတူ ညစာစားနိုင်မလား?'' အိုင်ဗန်ရဲ့သတိပေးမှုကိုလျစ်လျူရှုပြီး ချန်အန်းအတင့်ရဲစွာဖြင့်ပြုံးပြီးလက်ခံလိုက်သည်။
"ငါ ဟိုတယ်ရဲ့အကောင်းဆုံးစားသောက်ဆိုင်ကိုသွားချင်တယ်''
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...