အခန်း(၆)ပြိုင်​ဖက်

17.1K 2.2K 17
                                    

အခန်း(၆) ပြိုင်​ဖက်

အိုင်​ဗန်​ရဲ့အမြင်​မှာ​တော့ လုဖုန်းက Stockholm Syndrome ကိုခံစား​နေရတဲ့လူနာသက်​သက်​ပဲ။
[Stockholm syndrome - A psychological condition in which a hostage emotionally bonds to his or her captor.]

လုဖုန်းက အာဖရိကတိုက်​ပွဲပြီးတုန်းက ချန်​ကျန်းအန်း ​ခေါ်လာတဲ့က​လေး။ လုဖုန်းရဲ့မိဘ​တွေက အာဖရိကလုပ်​ငန်းအဓိကရုဏ်းမှာဆုံးသွားကြတယ်​။ ဒါ​ပေမယ့်​လည်း အဲ့ဒီအဖွဲ့ကိုလက်​နက်​​ရောင်းခဲ့သူက ချန်​ကျန်းအန်းကိုယ်​တိုင်​ပဲ။ အဲ့ဒီလက်​နက်​​တွေကလုဖုန်းမိဘရဲ့အသက်​ကို​ချွေယူခဲ့​ပေမယ့်​လုဖုန်းက​တော့ ချန်​ကျန်းအန်း​ဘေးမှာကျန်​ခဲ့တယ်​။ ချန်​ကျန်းအန်းဘာလို့ လုဖုန်းကိုသူနဲ့အတူပြန်​​ခေါ်လာခဲ့သလည်း အိုင်​ဗန်​မသိဘူး။ ဖြစ်​နိုင်​တာက ချန်​ကျန်းအန်းက သူ့ညီကို အဲ့ဒီအဓိကရုဏ်းမှာဆုံးရှုံးပြီးတဲ့​နောက်​ လုဖုန်းက သူ့ညီ ရဲ့ငယ်​ရုပ်​နဲ့ဆင်​တယ်​လို့ထင်​ခဲ့တာဖြစ်​မယ်​။
အိုင်​ဗန်​ လုဖုန်းကိုပထမဦးဆုံး​တွေ့ဖူးတဲ့အချိန်​က လက်​နက်​​ရောင်းဝယ်​​ရေးအဖွဲ့ရဲ့အတွင်း​ရေးအစည်းတစ်​ခုမှာဖြစ်​တယ်​။

ဒဏ်​ရာ​ကြောင့်​နှစ်​ဝက်​​လောက်​အနားယူ​နေပြီးမှနလန်​ထူခါစချန်​ကျန်းအန်း ပြန်​​ပေါ်လာတဲ့အချိန်​သူ့​ဘေးနားမှာ ပိန်​လှီလှီနဲ့ဆယ်​နှစ်​​ကျော်​အရွယ်​ ​ကောင်​​လေးတစ်​​ယောက်​ပါလာတယ်​။ အဲ့ဒီ​ကောင်​​လေးက ချန်​ကျန်းအန်း ရဲ့​ဘေးမှာ ​ခွေးတစ်​​ကောင်​လိုပဲသစ္စာရှိပြီး အမြဲလိုလို​ခေါင်းငုံတိတ်​ဆိတ်​​နေခဲ့တယ်​။
အမျိုးသားတစ်​ဦးက ချန်​ကျန်းအန်းကို ​စော်​​စော်​ကားကား မ​ချေမငံမ​ပြောခင်​အထိ အဲ့ဒီ​ကောင်​​လေးရဲ့ဖြစ်​တည်​မှုကိုဘယ်​သူမှအ​ရေးယူအဖတ်​လုပ်​ခြင်းမရှိဘူး။ ထိုပိန်​ပိန်​ပါးပါးဒုက္ခိတလို​ကောင်​​လေးက ​သေနတ်​ကိုထုတ်​ပြီး ထိုအမျိုးသား၏​ခေါင်းတည့်​တည့်​ကိုပစ်​ခဲ့သည်​။ လုဖုန်းငယ်​​လေးချန်​ကျန်းအန်းရဲ့​ဘေးမှာ နှစ်​အနည်းမျှသာရှိ​နေခဲ့သည်
ထိုအချိန်​တ​လျှောက်​လုံးတွင်​ တပ်​မက်​စိတ်​မရှိ၊လက်​စား​ချေလိုစိတ်​လုံးဝမရှိခဲ့၊ လုံးဝသစ္စာ​စောင့်​သိပြီး သူ့ဆန္ဒကိုဖုံးကွယ်​ထားသည်​။ ဒါ​ကြောင့်​ပဲသူဟာ ချန်​ကျန်းအန်း၏ ဆက်​ခံသူဖြစ်​လာခဲ့သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now