အခန်း (၁၃၀) လေယာဥ်ပျက်ကျခြင်း
'' မြန်မြန်ဆန်ဆန် သွက်သွက်လုပ်ကြဟေ့။''
လက်နက်များကိုင်ထားသည့်လူများက သုတ်ပျာပျာနှင့်လက်နက်များအပြင် တင့်ကားနှင့်ရဟတ်ယာဥ်တို့ကိုပါ လွင်တီးခေါင်လေယာဥ်ကွင်း စစ်ဘက်ဆိုင်ရာသုံးသယ်ယူပို့ဆောင်ရေးယာဥ်ထဲသို့ရွေ့နေကြသည်။
'' အင်တာပိုတွေကစုနေကြပြီဒီကိုမကြာခင်ရောက်လာတော့မှာ။ တင်းရှန်းမရောက်ခင် ငါတို့ဒီကအမြန်ထွက်ဖို့လိုတယ်။''
အိုင်ဗန်ကအထာကျကျနေကာမျက်မှန်တပ်ဆဲပင် သူ့နောက်ကပို့ဆောင်ရေးယာဥ်ကြီးကိုညွှန်ပြရင်းကျေနပ်စွာဆိုသည်။ ''မဆိုးဘူးမလား Hae ကို ၂ဘီလီယံပေးလိုက်တာ ဒီလေယာဥ်ကသူပြန်ပေးတဲ့လက်ဆောင်လေ။''
''မင်းပေးလိုက်ရတဲ့ပိုက်ဆံထက်ပိုတန်ကြေးရှိတဲ့အရာကိုရလိုက်တာပေါ့လေ။ အင်းပါ ငါနားလည်ပြီမို့ မင်းအဲ့ဒီဘဝင်ကိုင်နေတဲ့မျက်ခွက်ကြီးဖြုတ်လို့ရပြီ။'' ချန်အန်းမျက်စောင်းထိုးလျက်ဆိုကာ လက်ပိုက်ပြီးမိမိရှေ့က လေယာဥ်များကိုကြည့်လိုက်သည်။
''မင်းအဲ့သတင်းကိုဘယ်ကရတာလဲ။''
''ဒီလေယာဥ်တွေကိုဒီအထိအလကားမောင်းလာတာမဟုတ်ဘူးကွ။ကိုယ်အဲ့လောက်အားယားမနေဘူး။ ပြောရရင် ဒီနေရာကဟိုငပိန်းHaeနဲ့သိပ်မဝေးဘူးလေ။ '' ဒီလေယာဥ်တွေကိုသူပြန်မောင်းသွားရမှာချင်းတူတူ ချန်အန်းကိုပစ္စည်းလေးလမ်းကြုံသယ်ပေးတာကဘာမှဖြစ်မသွားဘူးလေ။အဲ့တာဆိုချန်အန်းကသူ့အပေါ်အကြွေးတင်သွားမယ် မပိုင်ဘူးလား။ အိုင်ဗန်ကသွားဖြီးလျက်ဆက်ပြောသည်။ ''အဲ့တာကြောင့်ဒီပစ္စည်းတွေ ကိုသယ်ခအနေနဲ့ကိုယ့်ကိုပေးလိုက်ပါလား။''
ဒါကတော်တော်စျေးကြီးတဲ့သယ်ခလို့ပြောရမည်။အိုင်ဗန်ကလည်းစနောက်လျက်သာပြောလိုက်ခြင်းဖြစ်သည်။သို့ပေမယ့်ချန်အန်းကချက်ချင်းပင်သဘောတူလိုက်သည်။
''ကောင်းပြီလေ။''
''အချစ် တကယ်ပြောနေတာလား'' အိုင်ဗန်ဖြင့်ကိုယ့်နားကိုမယုံနိုင်။ဥာဏ်များတဲ့ မြေခွေးအိုကြီးကသူ့ကိုလက်နက်တွေပေးမယ်တဲ့လား။ သူ့ကို၁ဘီလီယံတောင်လိမ်သွားတဲ့သူက ဒီလောက်သဘောကောင်းတာဟုတ်ပါ့မလား။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...