အခန်း(၇၉) မင်းငါ့ကိုသတ်မှာလား
အိုင်ဗန်က လျှာကသွေးကိုလက်ချောင်းထိပ်နဲ့သုတ်လိုက်တော့ သူ့လက်က ချန်အန်းကိုထိန်းထားရာကလွှတ်သွားပြီး ချန်အန်းကအခွင့်ကောင်းယူကာ အိုင်ဗန်ကိုခြေဖြင့်ကန်လိုက်သည်။
"ချန်အန်း!!!'' အိုင်ဗန် ဒေါသထွက်စွာအော်လိုက်သည်။
ချန်အန်းကတော့ အသက်ကိုဝဝရှူပြီး ရေထဲမြှုပ်သွားပြန်သည်။ သူရေမှမကူးတတ်ပဲ အဲ့တော့ ငုပ်သွားရုံပေါ့။ ကန်ဘောင်အထိ သူရအောင်လျှောက်သွားပြီးနောက်မှာ ကန်ဘောင်ကိုလက်နဲ့ထောက်တက်ပြီး ကိုယ်တစ်ပိုင်းအရင်မှီလိုက်သည်။
"အဟွက်!" သူအသက်ကိုဝအောင်ရှူပြီး သက်ပြင်းချလိုက်သည်။ သူ့ဆီကူးလာတဲ့ အိုင်ဗန်ကိုမျက်လုံးစွေ့ကြည့်ပြီး ကန်ပေါ်မှာငေးကြောင်ရပ်နေတဲ့ သက်တော်စောင့်ရဲ့လက်ထဲက တဘတ်ကိုဆွဲယူကာ သူမျက်နှာကိုသုတ်လိုက်သည်။ အနှေးနဲ့အမြန်တော့ ဒီဝက်ဝံကိုသူအရေဆုတ်မိတော့မယ်!
ရွှဲရွှဲစိုနေသည့် အမျိုးသားကမျက်လုံးများစွာရှေ့မှ ရေကူးကန်အထွက်တံခါးဆီလျှောက်သွားနေသည်။ ထိုစဉ် သူ့မြင်ကွင်းရှေ့လူတစ်ယောက်ပေါ်လာသည်။ သူမျက်မှန်မတပ်ထားတာကြောင့် အဲ့ဒီလူမျက်နှာကိုကောင်းကောင်းမမြင်ရ ။ ဒါပေမယ့် အဲ့ဒီလူကသူ့ဆီပြေးလာပြီး အတင်းအကြပ်ဖက်လိုက်သည်ကိုတော့ သူကောင်းကောင်းကြီးခံစားလိုက်ရသည်။
ဒီနေ့ဘာဖြစ်တာလဲ? တစ်ယောက်ပြီးတစ်ယောက်ရူးကုန်တာလား?
"ဘာလဲ ငါ့ကိုသတ်ဖို့မစောင့်နိုင်တော့ဘူးလား''
သူတစ်ဖက်လူကို မတွန်းဖယ်မိပဲ ရေကူးကန်ထဲမှာတုန်းကလုဖုန်းအကြောင်းတွေးမိတာကိုပြန်သတိရသည်။ ဒါဟာ ဒီဘဝမှာတော့လုဖုန်းဖက်တာ ပထမဦးဆုံးခံရတာပဲ။ လူကပြောင်းလဲသွားပေမယ့် တစ်ဖက်လူကလုဖုန်းဖြစ်နေတဲ့အခါ ရင်းနှီးမှုကကျန်ရစ်နေဆဲပဲ။
BẠN ĐANG ĐỌC
Rebirth of Chen An【Zaw + uni】
Lãng mạnလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
