Side Story အပိုင်း (၄) ချန်ယန်း (အချစ်ကိုတော့မဝေမျှလိုပါ)

1.8K 144 3
                                        

Side Story အပိုင်း (၄) ချန်ယန်း
(အချစ်ကိုတော့ မဝေမျှလိုပါ)

ချန်ယန်းဟာအမြဲလိုတက်ကြွပိုရွှင်နေသည့်ပုံရိပ်ရှိသူဖြစ်သည်။ ထိုကဲ့သို့ထင်ရအောင်လည်းသူကဟန်ဆောင်ထားခဲ့ခြင်းဖြစ်သည်။ သုန်သုန်မှုန်မှုန်နေခြင်းဟာသူ့နေ့ရက်တွေကိုအဆင်ပြေမလာစေမှန်းငယ်စဥ်ကတည်းကသူသိသည်။ ဘယ်လိုပြောပြော တက်ကြွတဲ့ကလေး၊ ပျော်ပျော်နေတတ်တဲ့အတန်းဖော်၊ အကောင်းမြင်စိတ်ပြည့်နေတဲ့ကျောင်းသားဆိုသောအချက်များရှိသူကိုမှ လူတွေက ပိုသဘောကျတတ်ကြသည်ကအမှန်တရားမဟုတ်လား။

ချန်ယန်းမှာပြန်ပြောပြရလောက်အောင် ကောင်းသောကလေးဘဝမရှိခဲ့ပါ။သူတစ်လသားအရွယ်မရောက်ခင်မှာပဲ မွေးပေးခဲ့သူအမျိူးသမီးကတခြားယောက်ျားနောက်လိုက်သွားကာ ကျန်ခဲ့သည့်ဖခင်နှင့်သူကရွာ၏ကဲ့ရဲ့ပြုခြင်းခံခဲ့ရသည်။သူတို့အမြင်မှာတော့ ချန်ယန်းဖခင်ဟာအသုံးမကျတာကြောင့်မယားထားခြင်းခံရပြီး ပုခတ်ထဲကချန်ယန်းကတော့သနားစရာကလေးလေးပင်။

ချန်ယန်းအဖေဟာချန်ယန်းကိုကြည့်တိုင်း ထွက်ပြေးသွားသည့်မိန်းမယုတ်ကိုအမှတ်ရနေသောကြောင့်ထင် အချိန်အတော်များများမှာချန်ယန်းကိုတစ်ယောက်တည်းထားခဲ့လေ့ရှိသည်။ ရွာသားများ၏ကဲ့ရဲ့ခြင်းကိုမခံစားနိုင်တော့သည်ကလည်းအဓိကအကြောင်းအရင်းဖြစ်မည်။ ရွာနှင့်အဝေးမှာအလုပ်လုပ်ရင်း ကဲ့ရဲ့သံအဆုံးကိုရွာဖွေခဲ့ပုံရသည်။

ချန်ယန်းအနေနဲ့တော့ရွာသားများကိုမုန်းသည်ရယ်လို့တော့မရှိပါ။သူ့မှာမိဘမေတ္တာမရပေမဲ့လို့ အမြဲပြုံးရွှင်နေပြီး အပြစ်ကင်းစွာနဲ့ချစ်စရာကောင်းစွာကြီးပြင်းလာသည်။ရွှန်းလဲ့လဲ့ဝိုင်းစက်တဲ့မျက်ဝန်းတွေ ပန်းနုရောင်နှုတ်ခမ်းဖူးဖူးနဲ့ အသားဖွေးဖွေးကသူမိခင်အတိုင်းဟု ရွာသားများကတော့ပြောကြသည်။ ဒီလိုကလေးငယ်လေးကို ဘယ်သူကလျစ်လျူရှုနိုင်ပါ့မလဲ။ ရွာထဲမှာအသက်ကြီးသည့်အမျိူးသမီးများက သူ့ကိုမကြာခဏဆိုသလို ထမင်းဟင်းနဲ့မုန့်ပဲသရေစာတွေကျွေးလိမ့်ရှိပြီ ရံဖန်ရံခါမုန့်ဖိုးများပင်ပေးတတ်ကြသေးသည်။ ချန်ယန်းကထိုမုန့်ဖိုးများနှင့် စာအုပ်ခဲတံဝယ်သလို တခါတလေသကြားလုံး ဝယ်စားဖြစ်ခဲ့သည်။

Rebirth of Chen An【Zaw + uni】Место, где живут истории. Откройте их для себя