Side Story အပိုင်း (၅) ချန်ယန်း ( ကိုယ့်ကျောကွင်းထဲကိုယ်မိနေတဲ့ မုဆိုး)

784 100 7
                                    

Side Story အပိုင်း (၅) ချန်ယန်း
( ကိုယ့်ကျောကွင်းထဲကိုယ်မိနေတဲ့ မုဆိုး)

မှတ်ဥာဏ်ဖျက်ခံလိုက်ရခြင်းကချန်ကျန်းအန်းအပေါ် ဘေးထွက်ဆိုးကျိူးဖြစ်စေခဲ့သည်။ ချန်ကျန်းအန်းဟာ သူ့နားကိုဘယ်လိုချည်းကပ်မှုမျိူးမဆို သတိကြီးကြီးဖြစ်နေခဲ့သည်။
ဥပမာ အခန်းထဲကိုအိမ်အကူတွေအိပ်ရာခင်းလာလဲပေးသည့်အချိန်မျိူးမှာ ချန်ကျန်းအန်းအာရုံကစာအုပ်ကနေ အိမ်အကူတွေဆီရောက်သွားမှန်းချန်ယန်းသတိထားမိသည်။ အိမ်အကူများ၏လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ်စောင့်ကြည့်နေပြီး သူတို့ဂါဝန်အောက်ကနေလက်နက်တစ်စုံတစ်ရာထွက်လာပြီး လုပ်ကြံလေမလားအကြည့်မျိူးဖြစ်သည်။ အိမ်အကူတွေအကုန်ထွက်သွားတော့မှသာ သူ့နဂိုစိတ်ချလက်ချအနေအထားပြန်ရောက်သည်။ သူ့အိပ်ရာပတ်ပတ်လည် ဘာများရှိမလဲသေချာစူးစမ်းစစ်ဆေးပြီးမှ အိပ်ရာပေါ်ပြန်နားတတ်သည်။ ချန်ယန်း ဒါတွေအားလုံးကို cctv ကတဆင့်မြင်နေရသည်။ စောင့်ကြည့်ဖို့စိတ်မကူးထားပေမဲ့ ဆရာဝန်ပြောကြားချက်အရ ချန်ကျန်းအန်းအခြေအနေက မတည်ငြိမ်ဘူးဟုဆိုသောကြောင့်ဖြစ်သည်။ ဒါကလည်း တကယ်တမ်းဆင်ခြေ ပါလေ။

မှန်ပါသည်။ သူချန်ကျန်းအန်းကို စက္ကန့်မလပ်စောင့်ကြည့်ချင်ပြီး လှုပ်ရှားမှုတိုင်းကိုသိချင်သည်။

ချန်ယန်းဟာ ချန်ကျန်းအန်းကို အပန်းဖြေအိမ်ကြီးထဲမှာ ''မင်းအပြင်ထွက်ဖို့နေမကောင်းသေးဘူး'' ဆင်ခြေဖြင့်လှောင်ထားသည်။ စံအိမ်ကကျယ်ပြီး ပစ္စည်းအစုံအလင်ရှိသောကြောင့် ချန်ကျန်းအန်းကအထဲမှာနေရာတာကိုမမှုပေ။ ဒါကိုမြင်တော့ ချန်ယန်းအရင်က ချန်အန်းကိုသတိရမိသည်။

ချန်အန်းဟာ အခွင့်ရသည်နှင့်အိမ်တွင်းအောင်းတတ်သည်။ သူဟာ ပြတင်းနံဘေးမှာနေ့တစ်ပိုင်းကြာအောင်ထိုင်စာဖတ်နေနိုင်သလို အိမ်ထဲကရုပ်ရှင်ခန်းမှာလည်း တစ်နေကုန်အောင် ရုပ်ရှင်ကြည့်နိုင်သည်။ ထိုအချိန်မျိူးမှာဆို ခေတ်ပေါ်trendများပိုသိနားလည်သည့် ချန်ယန်းအဖော်ပြုပေးသည်ကိုပျော်ပျော်ကြီးလက်ခံတတ်သည်။
ရုပ်ရှင်ပိုင်းမှာဆို အိုင်ဗန်အ​ကြိုက်ကချန်အန်းနှင့်မိုးနဲ့မြေကွာလွန်းသည်။ တင်းရှန်းကသူ့အတွေ့အကြုံတွေပေါက်ပေါက်ဖောက်ပြီး spoiler တအားပြောသည်။ လုဖုန်းကတော့အဲ့လိုနေရာမှာ အရမ်းပျင်းဖို့ကောင်းသည့်လူမို့ ချန်ယန်းတစ်ယောက်တည်းကသာသင့်လျော်သည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now