အခန်း (၆၇) သူ့အပိုင်
ချန်အန်းရှိနေချိန်၌ 'သူ့' အကြည့်များနဲ့အတွေးများက ဒီလူအပေါ်မှာပဲပြည့်နှက်နေခဲ့သည်။ အခုချန်အန်းမရှိတဲ့အချိန်မှာတော့ သူ ညိမ်သက်စွာထိုင်ရင်းယခင်ကသတိမထားမိခဲ့တဲ့ကိစ္စတွေကိုတွေးဖြစ်သည်။
ချန်အန်း၏အိပ်ခန်းကြမ်းပြင်တွင် ထိုင်နေသည့် ချန်ယန်း ဝိုင်နီပုလင်းတစ်ဝက်ပင်သောက်ပြီးသွားပြီ။ သူမျက်လုံးကိုမှိတ်ရင်းအသက်ပြင်းပြင်းရှူလိုက်သည်။ ပြန်တွေးကြည့်ရင် ချန်အန်း suicide လုပ်တာကိုမမှတ်မိသလို အခြားတစ်ယောက်လိုလည်းပြောင်းသွားခဲ့တာ။ ပိုထူးဆန်းတာက အရင်ဦးလေးဟာ နိုင်ငံခြားဘာသာစကားတွေမကျွမ်းကျင်သလို တရုတ်စကားကိုတောင်ပီသအောင်မပြောနိုင်တာပဲ။ ဒါပေမယ့် အခုနောက်ရုတ်တရက် လက်နက်တွေမှာပါကျွမ်းကျင်လာတယ်။ လက်နက်အရောင်းအဝယ်သမားတိုင်းက လက်နက်မော်ဒယ်နဲ့အသုံးပြုပုံကို ဗြုန်းစိုင်းမသိနိုင်ဘူး။
ဒါပေမယ့် ချန်အန်းက ဘယ်သူပဲဖြစ်ဖြစ် ချန်ယန်းကတော့ သူ့ဦးလေး သူ့အပိုင် ဆိုတာပဲသိတယ်။
သူဝိုင်ပုလင်းကိုဆွဲပြီး ချန်အန်း၏စာကြည့်ခန်းထဲသို့ဝင်သွားလိုက်သည်။ချန်အန်းကအရမ်းစိတ်ချတာကြောင့်နေမယ် သော့မခတ်ထားဘူး။
ချန်ယန်းစာကြည့်စားပွဲရှေ့ထိုင်လိုက်ပြီး ကွန်ပျူတာကိုဖွင့်လိုက်သည်။ ချန်အန်းက ဝမ်လီကို ကွန်ပျူတာexpertလို့သိထားတာ။ ဒါပေမယ့် သူ့မေ့သွားပုံပဲ။ ချန်ယန်းနဲ့ဝမ်လီက တစ်ကျောင်းထဲ။ ဝမ်လီတောင်ရှာနိုင်ရင်ချန်ယန်းကပိုတောင်ရှာနိုင်သေးတယ်။
ချန်အန်းမပြောပြပေမယ့် သူသိနိုင်မယ့်သဲလွန်စတွေအမြဲတမ်းရှိနေပြီးသားပဲ
................
ရေကူးနံဘေးတစ်နေရာ၌ ခွက်တစ်ခွက်ကိုလက်မှာကစားရင်း ခပ်လှမ်းလှမ်းနေရာက Vodka သောက်ရင်းစကားပြောနေကြသည့် လူတစ်တစ်စုကိုကြည့်နေလိုက်သည်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...