အခန်း(၇) သစ္စာဖောက်၏အလွမ်း
ကမ္ဘာမှာအရက်စက်ဆုံးနဲ့နှလုံးသားအမဲ့ဆုံးလူကိုပြောပါဆိုလျှင် ချန်ကျန်းအန်းဟုသာဖြေရမည်။
လူတစ်ယောက်ကိုလူမဆန်အောင်ရက်ရက်စက်စက်အပြစ်ပေးရမယ့်နည်းလမ်းတစ်ခုက သူတို့ရဲ့တန်ဖိုးအထားရဆုံးပျော်ရွှင်မှုကိုဖျက်ဆီးပစ်တာပဲ။
ဒါပေါ့။ လုဖုန်းလက်ရှိဘယ်အရာကိုအမြတ်နိုးဆုံးလည်းဆိုတာ ချန်ကျန်းအန်းသိတယ်။ လုဖုန်းကိုတိုက်ရိုက်သတ်လိုက်တာက ဒီသစ္စာဖောက်ကိုပေးတဲ့အရက်စက်ဆုံးအပြစ်ဒဏ်မဟုတ်ဘူးဆိုတာလည်း သူသိတယ်။ ဒါကြောင့် လုဖုန်းအရှေ့မှာပဲ သူ့လက်နဲ့ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့သူရွေးချယ်ခဲ့တာပဲ။ညတိုင်းညတိုင်း ချန်ကျန်းအန်းက သူ့စိတ်ထဲပေါ်လာလိမ့်မယ်။ နေဝင်ဆည်းဆာအောက်မှာ ဖြစ်သလိုပုံစံနဲ့ပျင်းရိနေတဲ့ ချန်ကျန်းအန်းက သူ့ကိုလက်ပြနှုတ်ဆက်တာကိုသူမြင်ရမယ်။ သူ့စိတ်ထဲမှာ နောက်ဆုံးတော့ဒီလူသူ့ကိုလက်ခံလာပြီပဲလို့တွေးနေလိမ့်မယ်။ဒါပေမယ့်အဲ့ဒီအပြုံးတွေနောက်မှာတော့ အနှိုင်းမဲ့တဲ့ရက်စက်ခြင်းတွေအပြည့်ပေါ့။
ကောင်းကင်နဲ့ငရဲကြားမှာမျဉ်းငယ်လေးတစ်ကြောင်းပဲခြားတယ်။ သူဟာ အရူးမီးဝိုင်းလိုခံစားချက်နဲ့ညတိုင်း ဆွေးမြေ့လောင်ကျွမ်းနေရလိမ့်မယ်။ ယူကျုံးမရ ဖြစ်နေရမယ်။မှောင်မိုက်ခြင်းတို့အများအပြားစုဝေးနေသောအခန်းတစ်ခုတွင်းမှာဆွတ်ပျံ့ ဖွယ်စန္ဒားယားသံကညိမ့်ညိမ့်ညောင်းညောင်းပေါ်ထွက်နေသည်။ celloနှင့်အပြိုင် အနိမ့်သံဖြင့်သီဆိုနေသောအမျိုးသမီး၏အသံသည်လည်း ဓာတ်ပြားဟောင်းမှထွက်ပေါ်နေ၏။ နှစ်ခုလုံးက သာယာနာပြောဖွယ်ကောင်းသည်။
လရောင်ကပြတင်းပေါက်မှတစ်ဆင့်အခန်းအတွင်းသို့ဖြာကျနေသည်။ထို လရောင်အောက်တွင် အနက်ရာင်ဝတ်စုံနှင့် တည်ညိမ်သောဟန်ဖြင့်အမျိုးသားတစ်ဦးမှာ သွယ်လျသောလက်ချောင်းများဖြင့် စန္ဒရားခလုတ်တို့ကိုတီးခတ်နေသည်။
STAI LEGGENDO
Rebirth of Chen An【Zaw + uni】
Storie d'amoreလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...