အခန်း(၁၄၂) ဖြေရှင်းလို့ပြီးပြီ
ဧကရာဇ်၏စာကြည့်ခန်းအပြင်ခြံဝန်းထဲတွင်သစ်ပင်ကြီးတစ်ပင်ရှိသည်။တင်းရှန်းကထိုသစ်ပင်ပေါ်တွင်ထိုင်လျက်ချန်အန်းနှင့်ဝမ်ရယ်တို့စကားပြောနေသည်ကိုကြည့်နေခဲ့သည်။
ချန်အန်းနဲ့ဝမ်ရယ်တို့ရဲ့စကားဝိုင်းကသိပ်တော့မကြာလှ။ ချန်အန်းကဘာပြောလိုက်တယ်တော့သူမသိ စာကြည့်ခန်းထဲကပြန်ထွက်လာတဲ့ဝမ်ရယ်ကတော့ဖြူဖတ်ဖျော့တော့ပြီးလမ်းတောင်အနိုင်နိုင်လျှောက်ထွက်လာသည်ကိုမြင်နေရသည်။
စစ်သူကြီးအလှည့်ရောက်လာတော့လည်းရှေ့ကဝမ်ရယ်လိုပါပဲ။ စာကြည့်ခန်းထဲပြန်ထွက်လာချိန်မှာတစ်ကိုယ်လုံးတုန်ရင်ပြီးမျက်လုံးတွေကအာရုံစိုက်မရကမောက်ကမနှင့်ထွက်လာသည်။
ချန်အန်းတစ်ယောက်တည်းကသာဘာမှမဖြစ်ဘဲပြန်ထွက်လာသည်ကိုမြင်ရသည်။
''အန်ကယ်ချန်ဘာတွေပြောလိုက်တာလဲ။သူတို့ကြည့်ရတာဝိညာဥ်လွင့်သွားသလိုပဲ။''
တင်းရှန်းကဇဝေဇဝါနှင့်မေးလိုက်သည်။တစ်ဖက်မှာတော့မြေခွေးအိုကြီး၏အပြောမှာ ပြားပြားဝပ်သွားတဲ့စစ်သူကြီးနဲ့ဝမ်ရယ်ကြောင့်ချန်အန်းကိုပိုလေးစားမိပြန်သည်။ တစ်ဖက်မှာတော့စိတ်မတင်မကျ။သူနဲ့ချန်အန်းကြားကကွာဟမှုတစ်ခုကိုအတိုင်းသားခံစားနေရသည်။ 'ဖြစ်နိုင်ချေ' ဆိုတဲ့ကွာဟမှုပင်။
'' မင်းကမျောက်မလို့အပင်ပေါ်တက်နေတာလား။အောက်ဆင်းခဲ့!" ချန်းအန်းရဲ့သမိုင်းမှာသူတစ်ပါးကိုမော့ကြည့်ပြီးစကားပြောရတယ်ဆိုတဲ့စာမျက်နှာမရှိဘူး။ တင်းရှန်းလိုမျောက်ကျပြီးအပင်ပေါ်လည်းလိုက်တက်မှာမဟုတ်ဘူး။
ပန်းအိုးတွေနားမှာထိုင်ချပြီးချန်အန်းကသူ့လက်ချောင်းတွေကိုပွတ်လိုက်သည်။အခုတော့အိုင်ဗန်အမြဲဆောင်ထားနေကျဆေးလိပ်ကိုသူသုံးလို့ရပြီလေ။
အမှန်ပြောရရင်တင်းရှန်းနဲ့သူကဒီကမ္ဘာရဲ့အပြင်ဖက်ကလူတွေပဲ။ဒါကြောင့်ဒီကမ္ဘာတွေရဲ့လူတွေရဲ့အတိတ်တွေကိုစာအုပ်တစ်အုပ်ဖတ်သလို ဝေဖန်ပိုင်းခြားလို့အလွယ်လေးရတယ်။ပြီးတော့အပြင်လူတွေဆိုတာ ပြသာနာဖြစ်နေတဲ့လူတွေရဲ့ပြသာနာအလုံးစုံကိုရှင်းရှင်းလင်းလင်းပိုမြင်ရတာထုံးစံပဲလေ။ တစ်ခါတစ်လေမှာ အထင်လွဲမှုတွေဆိုတာစကားလေးတစ်ခွန်းနဲ့လည်းပြေလည်သွားနိုင်တဲ့ကိစ္စပဲ။ ဒါပေမဲ့လူတွေရဲ့တစ်ယောက်ကိုတစ်ယောက်အယုံအကြည်ကင်းမဲ့မှုကအထင်လွဲမှုကိုကြေကွဲစရာဇာတ်လမ်းအဖြစ်ပြောင်းလဲသွားစေတယ်။
STAI LEGGENDO
Rebirth of Chen An【Zaw + uni】
Storie d'amoreလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...