Side Story အပိုင်း (၃) အိုင်ဗန် (အချစ်ဦးမို့ရူးရပါသည်)

2K 168 6
                                        

Side Story အပိုင်း (၃) အိုင်ဗန်
(အချစ်ဦးမို့ရူးရပါသည်)

သူ အိုင်ဗန်ငယ်လေးဖြစ်စဥ်တုန်းက ထိုလူသည်ချန်ကျန်းအန်းဖြစ်နှင့်နေဆဲပင်။

အိုင်ဗန်သည် ဆွေမျိူးအဆက်အနွယ်ကြီးမားသောမိသားစုကြီး မှဆင်းသက်လာခဲ့ပြီး သူ့မိသားစုမှာ ထိုအသိုင်းအဝိုင်းကြီး၏အကိုင်းအခက်များတစ်ခုထဲမှ ငွေကြေးအင်အားနှင့်အာဏာအတန်အသင့်ရှိသောမိသားစု တစ်ခုဖြစ်သည်။ ကိစ္စအဝဝဖြစ်ပျက်နေသော ပင်မမိသားစုနှင့်အတန်အသင့်ဝေးကွာသော်လည်း မိသားစုစည်းစိမ်ဆက်ခံမှုအတွက်တော့ အလှမ်းဝေးလှသည့် အနေအထားလည်းမဟုတ်ပါ။

ကံကြမ္မာအလှည့်အပြောင်းက ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်မှာ သူ့မိသားစုဟာ မိသားစုခွဲတွေအားလုံးမှာအင်အားအကြီးဆုံးဖြစ်လာသည့်အချိန်ပင်။

အိုင်ဗန်ငယ်လေးရဲ့မှတ်ဥာဏ်ထဲမှာ သူ့ဖခင်ဟာတီဗီရှေ့မှာအရက်ကိုမနားတမ်းသောက်ပြီးသက်ပြင်းချနေလေ့ရှိသည်။ လက်ထဲရှိငွေများက စက္ကူသာသာဖြစ်သွားပြီး ကုန်စျေးနှုန်းကမိုးထိုးတက်နေခဲ့သည်။မိခင်ဖြစ်သူကလည်း ဖခင်ကိုဒီလိုနဲ့ဆုံးရှုံးရမှာစိုးရိမ်နေခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ အိုင်ဗန်ဖခင်ဟာမသေခဲ့ အရက်ကြောင်ရောဂါလည်းစွဲသွားတာကလွဲရင် အကောင်းပင်။ ဒါက သူ့ဖခင်ရဲ့တွေဝေနေတဲ့စိတ်တံတားကိုဖြိုဖျက်ပစ်လိုက်ပုံရသည်။ သူ့အနေနဲ့ ကိုယ့်ကိုယ်ကို ကယ်တင်မလား လေလွင့်ခံမလား ရွေးစရာနှစ်ခုသာကျန်သည်။

သိပ်များမကြာခင်မှာပဲ အိုင်ဗန်တို့အိမ်သို့လူများဝင်လိုက်ထွက်လိုက်ခပ်စိပ်စိပ်လုပ်လာသည်။ အိုင်ဗန်လေးရဲ့မှတ်ဥာဏ်ထဲမှာတော့ ထိုလူအားလုံးဟာ မျက်နှာအတူတူမို့ သူမမှတ်မိပေ။သူမှတ်မိတာက ချောကလက်နဲ့မုန့်တွေမစားရတော့တာအချိန်အနည်းငယ်အကြာမှာ သူပြန်စားလာရပြီး သူ့မိဘတွေလည်းပိုပျော်လာကြသည့်အကြောင်းပင်။

ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးလာပြီးနောက်မှာ တနေ့တော့ သူတို့နဲ့ရုပ်ရည်လုံးဝမတူတဲ့ အမျိူးသားနှစ်ယောက်အိမ်ရောက်လာခဲ့သည်။ ထိုအချိန်ဟာ အိုင်ဗန်အနေနဲ့ ချန်ကျန်းအန်းဆိုသည့် အပြုံးလှလှနှင့်လူကြီးကိုစတင်သိကျွမ်း ခဲ့ခြင်းဖြစ်သည်။ ထိုအပြုံးလှလှနှင့်သူဟာ အိုင်ဗန်ကိုတွေ့သည်နှင့် ဆောင့်ကြောင့်ထိုင်​
ပြီးမျက်နှာချင်းဆိုင်လျက် အိုင်ဗန့်ဆံပင်များကိုဖွကာ ''ရှောင်အိုင်ဗန် မင်းကအတော်ချောတဲ့ကလေးလေးပဲကွ'' လို့ပြောသည်။

Rebirth of Chen An【Zaw + uni】Место, где живут истории. Откройте их для себя