အခန်း(၆၄) ဘုရားလည်းဖူးလိပ်ဥလည်းတူး
ယွင်နမ်ကိုနောက်ဆုံးတစ်ခေါက်သွားပြီးကတည်းကဆို ဒါကဒုတိယအကြိမ်ဖြစ်မည်။ ကွာခြားသည်က ယွင်နမ်ရောက်သည်နဲ့မနားပဲ ဆက်တိုက်လျှောက်သွားနေရခြင်းသာ။
တန်ချူံးရဲ့ ဒီနေရာက လူတော်တော်များများနဲ့မရင်းနှီးလောက်ပါ။ မရင်းနှီးဘူးဆိုတဲ့အဓိပ္ပါယ်က လာလည်သူနည်းပြီး ဆွဲဆောင်မှုလည်းမရှိလို့ပေါ့။ ဒီနေရာက ယွင်နမ်မှာတည်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများနှင့်နီးသည်။
ဒီနေရာက အပန်းဖြေဖို့နေရာကောင်းမဟုတ်ပေမယ့် စီးပွားရေးအကြောင်းပြောဖို့တော့ နေရာကောင်းတစ်ခုဖြစ်သည်။
ဘန်ယန်ထရီးSpa အပန်းဖြေနေရာကို အိုင်ဗန်ကအပြတ်ငှါးထားသည်။စပါးထဲရှိ စပါးကန်၄၃ခုတွင် ဧည့်သည်တစ်ယောက်သာရှိသည်။ ဟိုတယ်တွင်လိုအပ်သလိုခေါ်နိုင်သည် ဝန်ထမ်းများကတော့အပြည့်ရှိသည်။ ဘန်ယန်ထရီးဟိုတယ်လက်အောက်က ဝန်ဆောင်မှုအရည်အသွေးကတော့ပြောစရာမလိုဘူးပေါ့။ ချန်အန်း ရေပူစမ်းထဲမှာ အေးအေးဆေးဆေး ဇိမ်ခံနေသည်။ ဒီရက်ကလေးတွေမှာ ဒါဟာ ဘယ်လောက် သက်တောင့်သက်သာဖြစ်လိုက်တဲ့အချိန်လဲ။
အိုင်ဗန်နဲ့သူ ဂိမ်းကိုကစားနေတာ လဝက်ကျော်ပြီ။ လဝက်လောက် အတူစားအတူသောက်ပြီး ရုပ်ရှင်လည်းအတူကြည့်ရသည့။ တစ်ချိန်ထဲမှာပဲ အိုင်ဗန်က သူ့ကို 'ဆွဲဆောင်' နေပြီး သူကလည်း သာမန်လူတွေ 'ချစ်မိသွားတယ်' ဆိုတဲ့ကိစ္စကိုလုပ်ဖို့ကြိုးစားနေတယ်။ တကယ်တမ်း ဒီဖြစ်စဉ်က အတော်ပျင်းဖို့ကောင်းတာပဲ။
လဝက်အတွင်း ရှန်ဟိုင်းကအိုင်ဗန်ရဲ့ စံအိမ်ကို ချန်အန်းမကြာခဏသွားသည်။ သူ ဒီအမွှေးထူဝက်ဝံရဲ့ လက်နက်ပစ္စည်းတွေကိုလေ့လာပြီး အိုင်ဗန်ရုံးခန်းနံဘေး စာကြည့်ခန်းထဲမှာ စာအုပ်ဖတ်ချင်ယောင်ဆောင်ပြီးလက်ဖက်ရည်သောက်လိုက်သေးသည်။
ВЫ ЧИТАЕТЕ
Rebirth of Chen An【Zaw + uni】
Любовные романыလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
