အခန်း(၉၄) မြေခွေးအို
မိမိရှေ့မှဟင်းလျာမျိုးစုံကို တစ်ချက်ကြည့်ပြီး ချန်အန်းမျက်ခုံးပင့်အိုင်ဗန်ကိုကြည့်လိုက်သည်။ ''အထဲမှာ ဘာထည့်ထားလဲ?ဆေး?''
လူတစ်ယောက်ကိုထိန်းချူပ်ဖို့နည်းလမ်းတွေအများကြီးရှိတယ်။ အဲ့ထဲမှာမှ ဆေးစွဲအောင်လုပ်ထားကအလွယ်ဆုံးနည်းပဲ။ ဥပမာ သူဋ္ဌေးသားလေးဝမ်ဟောင်ကို ချန်အန်းလုပ်ခဲ့သလိုပေါ့။
"ဘေဘီကိုယ်ကအရမ်းဆိုးလို့လားကွာ။ ကိုယ်အရမ်းဆိုးတယ်ဆိုရင်တောင်မှ အစားအသောက်ထဲထိ ဆေးထည့်စရာမလိုအပ်ပါဘူး။ မင်းမေ့မြောနေတုန်းတစ်ခါထဲ ပစ်သတ်လိုက်မှာပေါ့'' အိုင်ဗန်ကပြုံးလျှက် ခုံဆွဲပြီး အိပ်ရာဘေးထိုင်ကာ ခရင်းကိုကိုင်လိုက်သည်။
ချန်အန်းက အိုင်ဗန်ခွံ့ ကျွေးသည့်အရွက်သုတ်ကို တစ်ဇွန်းကိုဝါးပြီးနောက် မျက်လုံးမှိတ်စိတ်ကျေနပ်စွာ ဆိုလိုက်သည်။
"အို..အရသာရှိသားပဲ''အဲ့ဒီနောက် သူဟန်မဆောင်နိုင်တော့ဘဲ တူကိုင်ပြီးစစားတော့သည်။ အိုင်ဗန်ဟာဘယ်လောက်အန္တရာယ်ရှိတယ်ဆိုထားအုန်း သူအသက်ဆက်ရှင်ဖို့စားမှတော့ဖြစ်မယ်လေ။
ကောင်းကောင်းမွန်မွန်စားနေတဲ့ ချန်အန်းကိုမြင်တော့ အိုင်ဗန်ကြည်ကြည်နူးနူးပြုံးလိုက်သည်။ ''ဘေဘီ...ဒီလှပတဲ့မနက်ခင်းတိုင်းမှာမင်းမျက်နှာလေးမြင်ရရင်ကောင်းမှာပဲကွာ။ ကိုယ်မင်းအပြုံးလေးတွေကိုအရမ်းသဘောကျတာပဲ။ တစ်ချက်ထဲနဲ့လုံးဝရူးသွပ်သွားစေနိုင်တယ်''
"ငါ့ကိုဘယ်လိုရှာတွေ့တာလဲ'' ချန်အန်းအခုမှ ခြေထောက်ကိုပစ်ခဲ့မိတာ နောင်တရသည်။ ခေါင်းတည့်တည့်ပစ်ခဲ့လိုက်သင့်တာ။
ချန်အန်း ဓားနဲ့ခရင်းပြောင်းကိုင်လိုက်ပြီး ပန်းကန်းပေါ်ကအသားပြားကိုခရင်းနဲ့စိုက်လိုက်သည်။ ထို့နောက် ကြွေပန်းကန်တစ်ခုလုံးတစ်ကျွီကျွီမြည်အောင် ဒေါသတကြီးလှီးတော့သည်။
ESTÁS LEYENDO
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...