Side Story အပိုင်း (၂) လုဖုန်း (သခင့်ကိုတပ်မက်မိပါ။)

1K 118 5
                                    

Side Story အပိုင်း (၂) လုဖုန်း
(သခင့်ကိုတပ်မက်မိပါ၏)

"ဟုတ်ပါတယ် ဦးချန်'' ပြတင်းနံဘေးတွင်ရပ်လျက်နေသောလုဖုန်းက ချန်အန်းအမေးကိုပြန်ဖြေ၏။

"လုဖုန်း မင်းငါ့နားမှာနေတာဘယ်လောက်ကြာပြီလဲ''

"၁၀ နှစ်ပါ။ '' လုဖုန်းက သိမ်မွေ့သောကြောင်တကောင်နှယ် မျက်လွှာချလျက်ပြန်ဖြေလိုက်သည်။

" ငါမရှိတော့တဲ့အခါ ငါပိုင်တာအကုန်မင်းဟာပဲ'' ချန်ကျန်းအန်းက ပြတင်းရှိရာကိုလှည့်ကြည့်ပြီး လုဖုန်းကိုပြောလိုက်သည်။ သူ့မျက်ဝန်းထဲမှာတော့အေးစက်နေ၏။

"...အဲ့လိုတော့မဖြစ်ရပါဘူး ဦးချန်'' လူငယ်လေး၏နှုတ်ခမ်းပါးမှာ တုန်ရီလာသည်။ သူဆက်၍မပြောနိုင်အောင် ဒီကိစ္စဟာရင်နာစရာကောင်းလှသည်။ ချန်ကျန်းအန်း ထိုဒဏ်ရာရခဲ့သည်မှာ ၁၀နှစ်ကျော်လှပြီ။ သူ့မှာရှိတဲ့စည်းစိမ်ဥစ္စာတွေနဲ့အဆက်အသွယ်အရ ထိုဒဏ်ရာကိုအရှင်းပျောက်အောင်ကု၍ရနိုင်သည်။ အချိန်လေးနည်းနည်းပေးပါလျင် ယခင်လိုသန်မာနုပျိူမှုမျိူးပြန်မရနိုင်တောင်မှ သေရာပါရောဂါရင့်ကြီးဖြစ်မှာမဟုတ်ပေ။ ထိုလူဟာ သူ့ကိုယ်သူသက်သက်ဖျက်ဆီးနေခြင်းကြောင့်သာ အခြေအနေဆိုးရွားလာရခြင်းဖြစ်သည်။ ဒါကိုဘေးလူတွေမမြင်နိုင်ပေမဲ့ လုဖုန်းကတော့ကောင်းကောင်းသတိထားမိသည်။

ချန်ကျန်းအန်းမျက်လုံးတို့က အသက်မဲ့လာသော်လည်း တောက်ပမှုကလျော့မသွားသေးပေ။ ကြည့်မိသူတိုင်းကို ရင်တုန်နိုင်စွမ်းပေးနိုင်သေးသော်လည်း အလွန်တရာပင်ပန်းနွယ်နယ်နေမှန်းသိသာလွန်းသည်။ထိုမျက်လုံးတို့အခုမှိတ်လိုက်ပါလျှင် မနက်ဖြန်ထပ်ပွင့်မလာမှာ​တောင်စိုးရသည်။

အသက်နုတ်လက်နက်များနှင့်ကျည်ဆန်များထက် ထိုအဖြစ်ကိုလုဖုန်းပိုကြောက်သည်။ သူ့ကိုထားခဲ့ပြီးထွက်သွားမည့်ထိုလူကို လုဖုန်းအကြောက်ဆုံးပင်။

"မနက်ဖြန် ရယာဥ်ယာဥ်ပြင်ထားလိုက်''

ကျွန်းပေါ်ကဘဝဟာ ချန်ကျန်းအန်းကို စိတ်စနိုးစနှောင့်ဖြစ်စေသည်။ သူ့စိတ်ထဲအေးအေးချမ်းချမ်းနားလို့မရနိုင်ဖြစ်နေသည်။ နားဖို့လိုတယ်ဆိုရင်တောင် ဒီမှာ​တော့မနားနိုင်ပေ။ ဒီနေရာက ကျန်းလဲ့နှင့်သိပ်ဝေးလွန်းသည်။ သူကျန်းလဲ့ကိုတွေ့ချင်သေးသည် ကျန်းလဲ့အုတ်ဂူရှိရာကိုမသွားဖြစ်တာလည်းကြာလှပြီ။

Rebirth of Chen An【Zaw + uni】Donde viven las historias. Descúbrelo ahora